Tuesday, April 30, 2013

Myawady Media Group ၏ မီဒီယာများနှင့် တွေ့ဆုံပွဲ

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွန်ကြားရေးမှူးရုံး Myawady Media Group ၏ မီဒီယာများနှင့် တွေ့ဆုံပွဲကို ဧပြီလ ၃၀ ရက်နေ့ မနက် ၉ နာရီအချိန်တွင် စင်ထရယ်ဟိုတယ်တွင် စည်ကားစွာကျင်းပခဲ့ပါတယ်။ အခမ်းအနားတွင် စစ်ရေးချုပ်ရုံးမှ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက လက်ရှိမြဝတီသတင်းစာကို ၁၆ မျက်နှာ ထုတ်ဝေရာမှ ယခုမေလ ၁ ရက်နေ့မှစပြီး ၂၄ မျက်နှာတိုးချဲ့ထုတ်ဝေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြဝတီရုပ်သံလိုင်း ၆ လိုင်းကိုလဲ လက်ရှိတနေ့ကို ၁၁ နာရီထုတ်လွှင့်ရာမှ ယခုလာမည့် မေလအတွင်းတွင် ၁၈ နာရီပြောင်းလဲတိုးချဲ့ထုတ်လွှင့်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြဝတီမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်များနှင့် ပတ်သက်၍အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့ပါတယ်။

P066 ဓာတ်ပုံ - အောင်ဇော်မင်း
— REF>>>Myawady Media Group

0 comments:

Post a Comment