ကမ္ဘာ့ကုန်စည်ပြပွဲ မြန်မာ ပထမဆုံးအကြိမ် ပြသမည်
................................................................
ရန်ကုန်၊ ဧပြီ ၂၉
ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးများတွင် လှည့်လည် ပြသလေ့ရှိသည့်
နိုင်ငံပေါင်းစုံ ကုန်စည်ပြပွဲ Universal Expo 2015 Milan ကို အီတလီနိုင်ငံ
မီလန်မြို့တွင် ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံမှ လုပ်ငန်းများ
ပထမဆုံးအကြိမ် ပါဝင်ပြသခွင့် ရရှိကြောင်း အဆိုပါပြပွဲကို ဦးစီးကျင်းပမည့်
Baureau of International Expositions က တရားဝင်ကြေညာသည်။
၂၀၁၅
ခုနှစ်တွင် ပြုလုပ်မည့် ယင်းပြပွဲသည် တီထွင်ဖန်တီးမှုနှင့်
စွန့်ဦးတီထွင်မှုကို ဦးစားပေးကြောင်း ယင်းပြပွဲတွင် ဝင်ရောက်ပြသရန်
မြန်မာအစိုးရထံ ဖိတ်ကြားခဲ့ပြီး စီးပွားရေးလုပ်ငန်းများ ဝင်ရောက်ပြသရန်
ဖိတ်ခေါ်ထားကြောင်း BIE ထံမှ သိရသည်။
နိုင်ငံတော်သမ္မတရုံးက
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနသို့
အကြောင်းကြားခဲ့ပြီး ဝန်ကြီးဌာနက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်သို့
ထပ်ဆင့်အကြောင်း ကြားထားကြောင်း အဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။
"တိုင်းပြည်ရဲ့ အပြောင်းအလဲတွေကြောင့်
တိုးတက်လာတာလို့ ပြောလို့ ရတယ်။ အရင်ကဆိုရင် တရုတ်နဲ့ အာဆီယံဒေသတွင်း
ပြပွဲတွေမှာပဲ ဝင်ပြခွင့် ရတာလေ။ ၂၀၁၅ မှ ဆိုတော့ ပြင်ဆင်ချိန်လည်း
ရတာပေါ့" ဟု ရိုးရာ အထည်အလိပ်များ ထုတ်လုပ်ရောင်းချနေသူ ဦးဝင်းလှိုင်ဦးက
မှတ်ချက်ပြုသည်။
ကမ္ဘာ့မြို့ကြီးများတွင် လှည့်လည်ကျင်းပလေ့ရှိသော
အဆိုပါပြပွဲကို ၁၈၅၁ ခုနှစ်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်တွင်
စတင်ကျင်းပခဲ့ပြီး ယခုတစ်ကြိမ်တွင် ကမ္ဘာတစ်ဝန်းမှ နိုင်ငံပေါင်း တစ်ရာကျော်
ပါဝင်ပြသကြမည် ဖြစ်ကာ အာဆီယံနိုင်ငံများ အနက် ဖိလစ်ပိုင်နှင့်
စင်ကာပူနိုင်ငံ တို့မှလွဲ၍ ကျန်နိုင်ငံအားလုံး ပါဝင်ပြသကြမည် ဖြစ်သည်။
0 comments:
Post a Comment