အိမ်ပြန်ချိန်
*********
ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
လူဖြစ်အောင်မွေး လုပ်ကျွေးပြုစု
ယုယခဲ့ပေ ချစ်မေမေ………
မုန်တိုင်းထန်ထန် လေဟုန်ဆန်လို့
သူမ မမှု စွန်ရဲ ကဲ့သို့
ရဲရင့်ခဲ့ပေ ချစ်မေမေ……
ခန္ဓာကိုယ်ဟောင်း ဇရာထောင်းလို့
ထောင်းထောင်းကျေလည်း ကိုယ့်ကိုမမှု
ဘဝလမ်းလျှောက် မမှားရအောင်
လမ်းပြရှာနေ ချစ်မေမေ……
သို့ပေသော်လည်း………
သားကားမသိ သားကားနားမလည်
တံလျှပ်ရေထင် ရွှေသမင်လိုက်မှား
ရေနည်းငါးလို အားအင်ချိနဲ့
ခလုပ်ထိမှ အမိတခဲ့ရပါပြီ အမေ
အမေ့မေတ္တာ ကြီးမှနားလည်
လွန်ပြီးနောင်တ ရခဲ့ပြီမို့
ဌက်ဆိုးလေးရယ် တောင်ပံညောင်းလို့
အချိန်တန် အိမ်ပြန်ခဲ့ချင်ပြီ အမေ
ယိမ်းယိုင်နေတဲ့ အိမ်အို
လဲပြိုနေ ခြံစည်းရိုး ထိပ်နားဆီက
လှမ်းကြိုမယ့် လက်နှစ်ဘက်…
အရင်ကလို နွေးထွေးပေးပါ အမေ
အရင်ကလို ထွေးပွေ့ပေးပါ အမေ
အရင်ကလို လုံခြုံစေပါ အမေ
မှုံရီနေတဲ့ အမေ့မျက်လုံး
လင်းလက်စေပါ အမေ……
(အမေကို ချစ်သော အဝေးရောက် သားသမီးများ အမှတ်တရ)
____နေကျောက်ခဲ{မလေးမြေ}__
*********
ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်
လူဖြစ်အောင်မွေး လုပ်ကျွေးပြုစု
ယုယခဲ့ပေ ချစ်မေမေ………
မုန်တိုင်းထန်ထန် လေဟုန်ဆန်လို့
သူမ မမှု စွန်ရဲ ကဲ့သို့
ရဲရင့်ခဲ့ပေ ချစ်မေမေ……
ခန္ဓာကိုယ်ဟောင်း ဇရာထောင်းလို့
ထောင်းထောင်းကျေလည်း ကိုယ့်ကိုမမှု
ဘဝလမ်းလျှောက် မမှားရအောင်
လမ်းပြရှာနေ ချစ်မေမေ……
သို့ပေသော်လည်း………
သားကားမသိ သားကားနားမလည်
တံလျှပ်ရေထင် ရွှေသမင်လိုက်မှား
ရေနည်းငါးလို အားအင်ချိနဲ့
ခလုပ်ထိမှ အမိတခဲ့ရပါပြီ အမေ
အမေ့မေတ္တာ ကြီးမှနားလည်
လွန်ပြီးနောင်တ ရခဲ့ပြီမို့
ဌက်ဆိုးလေးရယ် တောင်ပံညောင်းလို့
အချိန်တန် အိမ်ပြန်ခဲ့ချင်ပြီ အမေ
ယိမ်းယိုင်နေတဲ့ အိမ်အို
လဲပြိုနေ ခြံစည်းရိုး ထိပ်နားဆီက
လှမ်းကြိုမယ့် လက်နှစ်ဘက်…
အရင်ကလို နွေးထွေးပေးပါ အမေ
အရင်ကလို ထွေးပွေ့ပေးပါ အမေ
အရင်ကလို လုံခြုံစေပါ အမေ
မှုံရီနေတဲ့ အမေ့မျက်လုံး
လင်းလက်စေပါ အမေ……
(အမေကို ချစ်သော အဝေးရောက် သားသမီးများ အမှတ်တရ)
____နေကျောက်ခဲ{မလေးမြေ}__
0 comments:
Post a Comment