Tuesday, April 9, 2013

ဒါဘီပွဲမှာ မန်စီးတီးနိုင်ပေမယ့် ချန်ပီယံဘွဲ့အတွက် ရင်ခုန်စရာမကောင်းသေးဘူး

မန်ယူဟာ ဗန်ပါစီ၊ ရွန်နီ၊ ၀ဲလ်ဘက်တို့ တိုက်စစ်အတွဲနဲ့ ပွဲထွက်ခဲ့ပေမယ့် လူစားဝင်ကစားသမား အဂူရိုရဲ့ဂိုးကြောင့် ပရီးမီးယားလိဂ် ၁၈ပွဲဆက်မရှုံးတဲ့စံချိန် အဆုံးသတ်ခဲ့ရပါတယ်။ ဒါ့အပြင် အိမ်ကွင်းဒါဘီပွဲမှာ နှစ်နှစ်ဆက်တိုက် ရှုံးပွဲကြုံခဲ့ပြီး ၄၁နှစ်အတွင်း ပထမဆုံးလည်း ဖြစ်သွားခဲ့ပါတယ်။ ပထမပိုင်းမှာ မန်ယူတို့ တိုက်စစ်ဆင်နိုင်ခဲ့ပေမယ့် ဂျိုးဟတ် လက်စွမ်းပြနိုင်ခဲ့သလို ၄၅မိနစ်မှာ ဗန်ပါစီ ချပေးတာကို ရာဖေးလ်ကန်သွင်းခဲ့ပေမယ့် သူ့ရဲ့ ကန်ချက် ဘားထိထွက်ခဲ့ရပါတယ်။
ဒုတိယပိုင်းပြန်စပြီး ၅၁မိနစ်အရောက်မှာတော့ ဂစ်ရဲ့အမှားကနေ ဘာရီဘောလုံးရသွားပြီး မီလ်နာကို ထိုးပေးရာမှာ ဒီကစားသမားက ဧရိယာထိပ်ကနေ ကန်သွင်းပြီး မန်စီးတီးအတွက် အဖွင့်ဂိုးယူပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ မန်ယူတို့ ချေပဂိုးရဖို့ ချက်ချင်းပြန်ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ဒါပေမဲ့ ပွဲချိန် ၅၉မိနစ်အရောက်မှတော့ ဖီးလ်ဂျုံးစ် ခေါင်းတိုက်သွင်းတဲ့ဘောလုံးဟာ ကွန်ပနီနဲ့ထိပြီး လမ်းကြောင်းပြောင်း ၀င်သွားခဲ့လို့ မန်ယူတို့ ချေပဂိုးရခဲ့ပါတယ်။
ချေပဂိုးပေးခဲ့ရပြီးနောက်မှာတော့ မန်စီးတီးဟာ နာဆရီအစား အဂူရိုကိုထည့်ပြီး တိုက် စစ်မြှင့်ခဲ့သလို ယာယာတိုရေးခြေစွမ်းပြနေတဲ့ ကွင်းလယ်ကလည်း မန်ယူထက် အသာရခဲ့ပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးကိုတော့ ဖီးလ်ဂျုံးစ်၊ ဖာဒီနန်တို့ကို ကျော်ဖြတ်ပြီး အဂူရိုက သွင်းယူခဲ့တာပါ။ ဒီဂိုးဟာ မနှစ်တုန်းက မန်စီးတီးကို ချန်ပီယံဖြစ်စေခဲ့တဲ့ ရာသီသိမ်းပွဲစဉ်က သွင်းဂိုးပုံစံဖြစ်ခဲ့ပြီး မန်ယူကတော့ ဒီပွဲရှုံးခဲ့လို့ ၁၅မှတ်ဖြတ်ထားနိုင်ရာကနေ ၁၂မှတ်အကွာ ရောက်သွားခဲ့ရပါတယ်။

0 comments:

Post a Comment