Sunday, September 01, 2013
ပညာရေး
သင်ကြား
ရေးပိုင်း အပြည့်အဝသင်ကြား နိုင်မည်မဟုတ်သောကြောင့် ရန်
ကုန်ကွန်ပျူတာတက္ကသိုလ်မှ လက်ရှိပညာသင်နှစ်တွင် ကျောင်း
သားဦးရေထက်ဝက်ခန့်လျော့ နည်း၍ ခေါ်ယူထားသော်လည်း လာမည့် ၂၀၁၃-၂၀၁၄ ပညာ
သင်နှစ်တွင် ကျောင်းသားဦးရေ ထပ်မံတိုးမြှင့်ခေါ်ယူမည်ဖြစ် ကြောင်း
ပါမောက္ခချုပ်ဒေါက် တာမီမီသက်သွင်က ပြောကြား လိုက်သည်။
ယင်းတက္ကသိုလ်မှ
ကျောင်း သားဦးရေနှင့် ဆရာများအပိုင်း တွင်လည်းကောင်း၊ စာသင်ဆောင်
အဆောက်အအုံပိုင်းတွင်လည်း ကောင်း အခက်အခဲများရှိနေ ခြင်းကြောင့်
ယခုပညာသင်နှစ် တွင် ကျောင်းသားဦးရေ ၅၀၀ သာလက်ခံသင်ကြားထားနိုင် ကြောင်း
သိရသည်။
''ကျောင်းသားဦးရေကို ဒီ နှစ်က ၅၀ဝပဲ လက်ခံတာပါ။ တက္ကသိုလ်မှာ
သင်ကြားရေး ပုံစံ တွေ ကလဲ ပြောင်းနေပြီဆိုတော့ စာသင်ခန်းတစ်ခန်းမှာ ကျောင်း
သားများများလဲ မထားတော့ ဘူး။ ဆရာတွေနဲ့ မျှပြီးတကယ် မေးနိုင်၊
ဖြေနိုင်သလောက်ကို ထိ ထိရောက်ရောက် သင်ကြားတဲ့ ပုံစံလုပ်ထားတယ်''ဟု
ပြောသည်။
ယခုစာသင်နှစ်တွင် ကျောင်း သားဦးရေခေါ်ယူသည့် အရေ အတွက်
ကန့်သတ်ထားခြင်း ကြောင့် ဝင်ခွင့်အမှတ်များမြှင့် ၍သာ
ကန့်သတ်ခဲ့ခြင်းဖြစ်ကာ ယခုနှစ်အတွက် ဝင်ခွင့်အမှတ် ၃၆ဝနှင့် အထက်ကို
ခေါ်ယူခဲ့ ခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ရန်ကုန်ကွန် ပျူတာတက္ကသိုလ်၌ ကျောင်း သားဦးရေ ၃၀၀၀ ကျော်ပညာ သင်ကြားလျက် ရှိကြောင်း သိရ သည်။
ယင်းနှင့်ပတ်သက်၍ မြန် မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ
ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ''ကွန်ပျူတာတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဆိုရင်
ကွန်ပျူတာနဲ့ပတ်သက်တဲ့ နည်း ပညာတွေကို ထပ်သင်ယူဖို့မလို တော့လောက်အောင်
ကျွမ်းကျင် နေရမှာပါ။ အခုဖြစ်နေတာက ကျောင်းသာပြီးတယ် ဘာမှမကျန် ခဲ့ဘူး
ဖြစ်နေတယ်။ အပြင်မှာ ပြန်တက် ပြန်သင်နေရတာပဲ။ ကျောင်းသား လျှော့ခေါ်ရင်လဲ
ထိထိရောက်ရောက် သင်ကြား ဖို့လိုမယ်တော့ ထင်ပါတယ်''ဟု ပြောသည်။
ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ
0 comments:
Post a Comment