အငြင်းပွားဖွယ်ရာ ပင်နယ်တီကြောင့် အတ္တလန္တာ ကို ၃-၄ ဂိုးဖြင့် ရှုံးနိမ်ခဲ့သောပွဲတွင် တံကောက်ကြော ဒဏ်ရာရခဲ့ သည့် အင်တာမီလန် တိုက်စစ်မှူး ကာဆာနိုမှာ တစ်လခန့်
 အနားယူရတော့မည်ဖြစ်သည်။ အဆိုပါပွဲစဉ်တွင် အင်တာမှာ ပွဲချိန် ၆၄မိနစ်အထိ 
၃-၁ ဂိုး ဖြင့် ဦးဆောင်နေနိုင်ခဲ့သော်လည်း ၆၅ မိနစ်တွင် ဧရိယာအတွင်း 
ဆင်မြူရယ် လက်ထိသည်ဟု ကွင်းလယ်ဒိုင်မှ သတ်မှတ်ခဲ့သောကြောင့် 
ပင်နယ်တီပေးခဲ့ရပြီး ရုပ်သံအနှေးပြကွက်များအရ ဆင်မြူရယ်မှာ 
လက်ထိခဲ့ခြင်းမရှိခဲ့ပေ။
အင်တာမှာ ပြီးခဲ့သောလပိုင်းအတွင်း တိုက်စစ်မှူး မီလီတိုကို ကာလရှည်ဆုံး 
ရှုံးခဲ့ရပြီး ပလာစီယိုမှာလည်း တစ်လခန့် အနားယူရမည်ဖြစ်သောကြောင့် တိုက်စစ် 
အားနည်းခဲ့ရပြီး ယခုကဲ့သို့ ကာဆာနို ထပ်မံဒဏ်ရာရသွားခြင်းကြောင့် 
အခက်ကြုံရတော့မည်ဖြစ်သည်။ ထို့ကြောင့် အင်တာမှာ အထောင်တိုက်စစ်မှူးနေရာ 
တွင် ရော့ချီတစ်ဦးတည်းသာ အားထားရတော့မည်ဖြစ်သည်။
ရော့ချီမှာအတ္တလန္တာနှင့်ပွဲစဉ်တွင် ၎င်း၏ စီးရီးအေရာပြည့်ဂိုး 
သွင်းယူနိုင်ခဲ့သော် လည်း အင်တာအနေဖြင့် ရိုးမားနှင့် ယှဉ် ပြိုင်ရမည့် 
ကွာပါအီတာလီယာ ဒုတိယ အကျော့ပွဲစဉ်အတွက် အသက် ၃၅နှစ် အရွယ် တိုက်စစ်မှူးကို 
အဓိကထားရ မည်ဖြစ်သောကြောင့် တိုက်စစ်အားမဲ့ ဖွယ်ရှိနေသည်။ အင်တာမှာ 
ကိုပါအီတာ လီယာ ပထမအကျော့ပွဲစဉ်တွင် ရိုးမားကို ၂-၁ဂိုးဖြင့် 
ရှုံးနိမ့်ထားသည်။

0 comments:
Post a Comment