Tuesday, April 30, 2013

ပတ်ဝန်းကျင်ဆူညံသံရှိမရှိ တိုင်းတာ၍ နားလေးမှုမှကာကွယ်နိုင်

နားလေးမှုအန္တရာယ်မှ ကာကွယ်နိုင်ရန် ဆူညံသံအဆင့်(၈၅)ထက်ကျော်လွန်ခြင်း ရှိမရှိ တိုင်းတာနိုင်သည့် Sound Meter ကို Google Play မှ Smart Phone အထဲသို့ Download ဆွဲပြီး ပတ်ဝန်းကျင်မှဆူညံသံ၏ အဆင့်မည်မျှရှိမည်ကို တိုင်းတာ သင့်သည်ဟု နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးက ဆိုသည်။

“ မြန်မာနိုင်ငံကို အဲရစ်စမစ်လာတဲ့ အကျိုးကျေးဇူးက Google Play မှာ Sound Meter ပွင့်သွားတာပဲ။ နားလေးတာကို ကာကွယ်တဲ့အထဲမှာ အရေးအကြီးဆုံးအဆင့် တစ်သည် ပတ်ဝန်းကျင်က ဆူလား၊ မဆူလားသိဖို့ အရေးအကြီးဆုံးပဲ။ ယာဉ်ထိန်းရဲတွေ ဆိုရင်လည်း တစ်နေ့၈နာရီ အလုပ်လုပ်လို့ရှိရင် နားအန္တရာယ်ရှိတယ်။ ဘတ်စ်ကားတွေ ဖြတ်သွားလို့ရှိရင် ဆူညံသံအဆင့်က ၈၅ရှိတယ်။ ဒါကိုဘယ်လိုလုပ် သိနိုင်မလဲဆိုတော့ Sound Meter နဲ့ တိုင်းကြည့်ရင် သိနိုင်တယ်။ “ ဟု နား၊နှာခေါင်း၊လည်ချောင်းအထူးကဆရာဝန် ၀င်းထိုက်ကြည် က ပြောသည်။

REF>>>Myitmakha Media Group

0 comments:

Post a Comment