Tuesday, April 9, 2013

ဆင်းမ်ကတ်များအား တစ်လလျှင် ကတ်ရေသုံးသိန်းခွဲနှုန်းဖြင့် ရောင်းချမည်

ဧပြီ ၁ ရက်တွင် ရောင်းချမည့် တန်ဖိုးနည်းဖုန်း ဆင်းမ်ကတ် များအား တစ်လလျှင် ကတ်ရေ သုံးသိန်းခွဲ နှုန်းဖြင့် ဖြန့်ဖြူး ရောင်းချ ပေးသွား မည်ဖြစ်ပြီး ယင်းဖုန်း ကတ်များ ရောင်းချမည့် ကာလအတွင်း ရောင်းချသူများ ဈေးမကစား စေရန် စီစဉ် ထားကြောင်း ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းဖုန်း ဆင်းမ်ကတ်များ ရောင်းချ ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ ဆင်းမ်ကတ်များ ရောင်းရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ၏ အစီအမံဖြင့် ရောင်းချမည် ဖြစ်ကာ ပြင်ပအရောင်း ဆိုင်များ ဈေးမစား နိုင်ရန် အတွက် ထိန်းချုပ် သွားမည် ဖြစ်ပြီး ဖုန်းကတ်ရေ သုံးသိန်း ခွဲအား လစဉ်ဈေးနှုန်း မပြောင်းလဲဘဲ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။
ဧပြီ ၁ ရက်၌ ဆင်းမ်ကတ်များ ရောင်းချ ပေးမည်ဟု ကြေညာ ထားပြီး ဖြစ်သော်လည်း ယခု အစည်း အဝေးတွင် ရောင်းချမည့် နေ့ရက်နှင့် ဈေးနှုန်း တို့ကို ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာနက သတင်း ထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။ အလားတူ ထပ်မံ ရောင်းချမည့် မိုဘိုင်းဖုန်း ကတ်များကြောင့် ဖုန်းလိုင်း ကျပ်တည်းမှု မရှိစေရေး အတွက် ကြိုတင် စီမံ ထားရန် နိုင်ငံတော် သမ္မတက မှာကြား ခဲ့ကြောင်း ယင်းအစည်း အဝေး ထုတ်ပြန် ချက်အရ သိရသည်။

0 comments:

Post a Comment