Wednesday, April 10, 2013

လက်ဖက်ရည် သောက်လွန်းသည့်အတွက် အရိုးရောဂါ ရှိသွားသူ

မစ်ချီဂန် ပြည်နယ်မှ အသက် ၄၇ နှစ်အရွယ် အမေရိကန် နိုင်ငံသူ တစ်ဦးဟာ နေ့စဉ်နေ့တိုင်း လက်ဖက် ခြောက်ထုပ် ၁၀ဝ ထုပ်ကို ၁၇ နှစ်ကြာ သောက်သုံး ပြီးနောက် အရိုးရောဂါ တစ်မျိုးကို ရရှိခဲ့တယ် လို့ သိရပါတယ်။ သူမဟာ ခါးနောက် ကျောရိုး၊ လက် မောင်း၊ ပေါင်နဲ့ ခြေထောက်မှာ နာကျင်ပြီး တောင့်တင်း နေ တာကြောင့် ဟန်နရီဖို့ဒ် ဆေးရုံကို သွားပြခဲ့ပြီး ဓာတ် မှန်ရိုက်ကြည့်ရာမှ သူမရဲ့ အရိုးတွေမှာ သိပ်သည်းဆ များနေကြောင်း တွေ့ရှိခဲ့ပါတယ်။

ဆရာဝန်တွေက ပထမမှာတော့ အရိုးကင်ဆာ ရောဂါလို့ သံသယဝင်ခဲ့ ပါတယ်။ သူမရဲ့ သွေးတွင်း ဖလူအိုရိုက်အဆင့်ကို စမ်းသပ် ကြည့်ရာမှ ပုံမှန်ထက် လေးဆခန့် မြင့်မားနေ တာကို တွေ့ရတဲ့ အတွက် အရိုးမှာ ဖလူအိုရိုက် များတဲ့ ရောဂါ (Skeletal Fluorosis) လို့ သတ်မှတ်ခဲ့ပါတယ်။ သူမရဲ့ သွားတွေဟာ အလွန်ကြွက် ဆတ်တာကြောင့် သွား တွေကို ဖယ်ရှားပေး ခဲ့ရပါတယ်။ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံမှာ သောက်ရေထဲ မှာ ဖလူအိုရိုက်ကို ပမာဏ အနည်းငယ်ခန့် ထည့်ထား တယ်လို့ သိရပါတယ်။

ဖလူအို ရိုက်ဟာ သွားတွေကို ခိုင်မာစေပြီး သွားပိုးပေါက် မဖြစ်အောင် ကာကွယ်နိုင် လို့ပါ။ ဒါပေမဲ့ သောက်ရေ တစ်လီတာမှာ ဖလူအိုရိုက် ၄ မီလီဂရမ်ထက် ပိုမိုမပါဝင် ရဘူးလို့ ဆိုပေမယ့် အဲဒီ အမျိုးသမီးမှာ ဖလူအိုရိုက် ၂၀ မီလီဂရမ်ခန့်ကို လက် ဖက်ရည်ထဲက ရရှိနေတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ် ထဲမှာ ဖလူအိုရိုက် ပမာဏ များနေရင် ကျောက်ကပ်မှ တစ်ဆင့် ဖယ်ရှားပေးပေမယ့် စားသုံးတဲ့ ပမာဏ များ လွန်းရင် ဖလူအိုရိုက်ဟာ အရိုးမှာ သွားစုဆောင်းနေတတ် ပါတယ်။

အဲဒီ အမျိုးသမီးကို လက်ဖက်ရည် လျှော့ သောက်ခိုင်းပြီး နောက်ပိုင်းမှာ ရောဂါလက္ခဏာတွေ သက်သာ သွားတယ်လို့ သိရပါတယ်။ အရိုးဟာ သူ့ဟာ သူ ပြန်လည်ပြုပြင် နိုင်ပြီး အရိုးမှ စုဆောင်းနေတဲ့ ဖလူ အိုရိုက်တွေဟာ တဖြည်းဖြည်း ပျောက်ကွယ် သွားတာ ကြောင့်ပါ။

0 comments:

Post a Comment