Friday, April 26, 2013

ဖူလ်ဟမ်ကို ဖိတ်ခေါ်ခြေစမ်းနိုင်ရန် ဘောလုံး အဖွဲ့ချုပ်မှ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာ

ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းဖြစ်သည့် ဖူလ်ဟမ်အသင်းကို လာမည့် ၂၀၁၃-၁၄ ပရီးမီးယား လိဂ် ဘောလုံးရာသီ မစမီ တွင် မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ခြေစမ်း သွားရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ စီစဉ်နေကြောင်း Dailysport ဂျာနယ်၏ ဖော်ပြချက် အရ သိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ အနေဖြင့် ဖူလ်ဟမ် အသင်း၏ တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ ခြေစမ်းပွဲ လာရောက် ကစားနိုင်စေရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်လျှက် ရှိကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက "ဥရောပက အသင်းတွေ အနေနဲ့ ဘောလုံးရာသီ သစ်တစ်ခု မစတင်ခင်မှာ ပြည်ပနိုင်ငံတွေကို ထွက်ပြီးတော့ ရာသီအကြို ခြေစမ်းပွဲတွေ ကစားတတ်ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ လာမယ့် ပရီးမီးယားလိဂ် ရာသီသစ် မစတင်ခင်မှာ ဖူလ်ဟမ် အသင်းနဲ့ ခြေစမ်းပွဲ ကစားနိုင်ဖို့ စီစဉ်နေပါတယ်။ ဖူလ်ဟမ်အသင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေဆဲ ဖြစ်တာမို့ သေချာပေါက်ကြီးတော့ မပြောနိုင်သေး ပါဘူး။ ဖူလ်ဟမ်သာ လာရောက် ကစားခဲ့မယ် ဆိုရင် ကျွန်တော်တို့ အတွက် အရမ်းကို ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရရှိလာမှာပါ"ဟု Dailysport သို့ ပြောကြားခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment