Tuesday, April 30, 2013

သင်္ကြန်အပြီး မန္တလေးမြို့မြေဈေးကွက် ပြန်လည်ဦးမော့လာ


မိတ္ထီလာပဋိပက္ခအတွင်းက ငြိမ်နေသော မန္တလေးမြို့မြေဈေးကွက်သည်
သင်္ကြန်အပြီး ဈေးကွက်ပြန်ကောင်းလာကြောင်း မန္တလေးအိမ်ခြံမြေ အကျိုး
ဆောင်များထံမှ သိရသည်။သင်္ကြန်ကာလတွင်းတွင် စိတ်ဝင်စားမှုလျော့နည်း
မှုကြောင့်နှင့် မိတ္ထီလာပဠိပက္ခကိစ္စကြောင့် အိမ်ခြံမြေဈေးကွက်ငြိမ်သက်
ခဲ့သော်လည်း ယခုချိန်တွင်ကျောက်မျက်ရတနာလုပ်ငန်းရှင်များ စိတ်ဝင်
တစားရှိ၍ ဈေးကွက်ပြန်လည်ဦးမော့လာခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံ
အိမ်ခြံမြေအကျိုးဆောင်များ၏ ပြောကြားချက်အရသိရသည်။ဖားကန့်ဒေ
အခြေအနေထိန်းထိန်းသိမ်းသိမ်းဖြစ်လာသောကြောင့် ကျောက်စိမ်းကျောက်
မျက်လုပ်ငန်းများပြန်လည်လည်ပတ်အဆင်ပြေလာတာနှင့်အတူမြေ
ဈေးကွက်များပြန်လည်ဦးမော့လာခဲ့သည်။'ကျောက်သမားတွေ အဆင်ပြေ
တော့ကျွန်တော်တို့အိမ်ခြံမြေလည်းဈေးကွက်ပြန်ကောင်းလာတယ်။
ကျောက်သမားတွေကမြေကွက်ဝယ်ကြတာအများဆုံးပဲ။ကျောက်မျက်
လုပ်ငန်းတွေအဆင်ပြေလာတဲ့အတွက်ကျောက်သမားတွေရဲ့အကြိုက်
ကျွန်တော်တို့မြေကွက်တွေကလည်းဈေးကွက်တွေအဆင်ပြေလာတာပေါ့
ဗျာ'ဟု မန္တလေးမြို့မန်းမြေရာဇာအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီပိုင်ရှင်
ဦးကျော်ဝင်းကပြောသည်။မန္တလေးမြို့သစ်မနော်ဟရီလမ်းအနီးတစ်ဝိုက်
တွင်လတ်တလောအရောင်းအဝယ်အဖြစ်များကြောင်းနှင့် ၂၆ဘီလမ်းနှင့်
မနော်ဟရီလမ်းကိုဆက်သွယ်ထားသည့် ၆၂လမ်းမကြီးတစ်လျှောက်တွင်
လည်းမြေကွက်တစ်ကွက်ကို ကျပ်သိန်းပေါင်းသောင်းဂဏန်းပေါက်ဈေး
ရှိကြောင်း ဦးကျော်ဝင်းကပြောသည်။မန္တလေးမြို့၏ တောင်ဘက်နှင့်
မြောက်ဘက်တစ်ဖြောင့်တည်းတည်ရှိသော အဆိုပါ ၆၂လမ်းသည်
တဖြည်းဖြည်းနှင့် လူကြိုက်များလာ၍ ဈေးကောင်းလာကြောင်း၎င်းကပြော
သည်။မြို့သစ်မနော်ဟရီလမ်းအနီး၆၂လမ်းမကြီးတစ်လျှောက်တွင် နာမည်
ကြီးကုန်တိုက်များ၊ Bakeryဆိုင်များ၊ ဖုန်းဆိုင်ကြီးများဆိုင်ကယ်အရောင်း
ပြခန်းများ ပိုပိုတိုးပြီးဖွင့်လှစ်သောကြောင့်လည်း အဆိုပါနေရာအနီးတစ်ဝိုက်
တွင်စည်ကားလာသည့်အတွက်မြေဈေးများကောင်း၍ ဝယ်ယူလိုသူများ
မျက်စိတွေ့နေကြကြောင်းယင်းနေရာအနီးတစ်ဝိုက်တွင် နေထိုင်သူဈေး
သည်တစ်ဦးကပြောသည်။
REF>>>Myawady News

0 comments:

Post a Comment