Thursday, April 25, 2013

ကြံ့ခိုင်မှုအတွက် အားမရ ဖြစ်နေသော မက်ဆီ

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီသည် ယမန်နေ့က ဘိုင်ယန် အသင်းကို ၄းဝ ဖြင့် ရှုံးခဲ့သည့် အဝေးကွင်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့ ပွဲစဉ်အပြီး ၎င်းမှာ ယခုတွင် ကြံ့ခိုင်မှုအရ အကောင်းဆုံး မဖြစ်သေးကြောင်း ဆိုသည်။
မက်ဆီသည် ယခုလ ၁၀ ရက်နေ့က PSG နှင့် ပွဲစဉ်တွင် တံကောက်ကြော ဒဏ်ရာရရှိပြီးနောက် ဘာစီလိုနာ အသင်း၏ ပွဲစဉ်အချို့ကို လွဲချော်ခဲ့ရသည်။ အလားတူ ဘိုင်ယန်ကို ရှုံးခဲ့သည့် ပွဲစဉ်တွင် မက်ဆီမှာ ခြေစွမ်းပိုင်းအရ ရုန်းကန်ခဲ့ရပြီး ဘာစီလိုနာ အသင်းမှာလည်း ဥရောပ ပြိုင်ပွဲတစ်လျှောက် ဂိုးအပြတ်ဆုံး ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။ မက်ဆီက ဘာစီလိုနာ အသင်း အနေဖြင့် လာမည့် ဒုတိယ အကျော့ အိမ်ကွင်းတွင် ပထမ အကျော့ အဝေးကွင်းမှ ရလဒ်ကြောင့် ၎င်းတို့ အသင်းမှာ ဗိုလ်လုပွဲသို့ တက်ရန် ရုန်းကန်ရတော့မည်ဟု ဆိုသည်။ အဆိုပါ ဒုတိယ အကျော့ကို မေလ ၁ ရက်နေ့တွင် ကစားရမည် ဖြစ်သည်။

0 comments:

Post a Comment