MAVEN အာကာသယာဉ်ထံမှ သိပ္ပံ
နည်းပညာဆိုင်ရာ လေ့လာတွေ့ရှိချက်များအရ အင်္ဂါဂြိုလ်၏ လေထု ထူးခြားစွာ
ပြောင်းလဲခဲ့ပုံကို နာဆာက ထုတ်ဖော်ပြောကြားခဲ့သည်။
အင်္ဂါဂြိုလ်သည် လွန်ခဲ့သော နှစ် ဘီလီယံပေါင်း များစွာက ထူထပ်သော လေထု လွှမ်းခြုံထားသည့် ပူနွေးစွတ်စိုသော ဂြိုလ်တစ်ခုဖြစ် ခဲ့ကြောင်း သိထားခဲ့ကြ သည်။
ရေကန်နှင့် သမုဒ္ဒရာများထဲသို့ စီးဝင်နေခဲ့သော ရှည်လျားသော ရေတ သွင်သွင်
စီးနေသည့် မြစ်များလည်း အင်္ဂါဂြိုလ်ကုန်းမြေပေါ်တွင် ရှိခဲ့သည်ဟုဆို သည်။
တိုင်းတာချက် အသစ်များ၏အဆိုအရ အင်္ဂါဂြိုလ်၏ လေထု သည် နေရောင်ခြည်လေ
တိုက်ခတ်မှုများကြောင့် သတ္တ၀ါများ အသက်ရှင် ရန် လိုအပ်သော
ဓာတ်ငွေ့များဖြစ်သည့် အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်
ဓာတ်ငွေ့များကို ဖယ်ရှားလိုက်သ ကဲ့သို့ ဖြစ်ခဲ့ကြောင်း နာဆာက ဆိုသည်။
ထို့ပြင် ဂြိုလ်သက်တမ်းအစော ပိုင်းကာလများကပင် လျှင် လေထုပါးလွှာ ခဲ့ခြင်း
ဖြစ်သည်။ အိုင်းယွန်းဓာတ်များ ဆုံးရှုံးသွား သည့်အတွက် အင်္ဂါဂြိုလ် လေထု
ပါးလွှာခဲ့ခြင်း ဖြစ်သည့်အတွက် ကမ္ဘာတွင်လည်း ထိုသို့ ဖြစ်နို င်ချေ
ရှိမရှိကို သိပ္ပံပညာရှင်များက “ကမ္ဘာရဲ့ သံလိုက်စက် ကွင်းကြောင့် အဲဒီလို
ဖြစ်ဖို့ မရှိပါဘူး” ဟုပြောကြားသည်။
Credit To >>> Democracy News
Saturday, November 7, 2015
နေရောင်ခြည်လေတိုက်ခတ်မှုများကြောင့် အင်္ဂါဂြိုလ် သည် အေးမြခြောက်သွေ့ သော ဂြိုလ် အဖြစ်ပြောင်း လဲသွားကြောင်း နာဆာပြော
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment