
အရှေ့တောင်အာရှ နိုင်ငံအတွေအနေနဲ့ ပြည်တွင်းမှာ စွမ်းအင်ရင်းမြစ်တွေလျော့နည်းခန်းခြောက်လာနေတာနဲ့အတူ လာမယ့်နှစ်တွေမှာ LNGဓါတ်ငွေ့တင်သွင်းမှုပမာဏ ယခုထက် နှစ်ဆအထိ တိုးတက်လာနိုင်တယ်လို့ သိရပါတယ်။
အလားတူကမ္ဘာ့ LNG ဈေးကွက်ထဲမှာလည်း အဓိကကျလာဖို့ ရှိနေပါတယ်။ဒေသတွင်းက စွမ်းအင်တင်သွင်းသူတွေအနေနဲ့ လာမယ့်ငါးနှစ်အတွင်း လက်ရှိတန်ချိန်ပေါင်း ၂၅ သန်းကနေ တန်ချိန်၅၀ အထိနှစ်စဉ်တိုးမြင့်တင်သွင်းနိုင်ပါတယ်။ ယင်းတိုးတက်လာမယ့်အချက်အလက်တွေကတော့ ၂၀၁၅ ခုနှစ်က ကမ္ဘာတစ်ဝန်း ဆီသယ်သင်္ဘောတွေတင်ဆောင်ခဲ့တဲ့ LNG ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းနဲ့လည်းညီမျှနေပါတယ်။
ဒေသတွင်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ PTT ကတော့ လာမယ့် ၂၀၁၇
မတ်လမတိုင်ခင် ယင်းရဲ့ တင်သွင်းမှုပမာဏကို နှစ်ဆတိုးမြင့်ဖို့စီစဉ်နေပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ယင်းရဲ့လျှပ်စစ် ထုတ်လုပ်မှု ၆၀ရာခိုင်နှုန်းလောက်အတွက် သဘာဝဓါတ်ငွေ့ကို မှီခိုအားထားနေရတာဖြစ်ပြီးအများစုကိုတော့ ပြည်တွင်းမှာသာ ထုတ်လုပ်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်းပြည်တွင်းမှာ စွမ်းအင်ရင်းမြစ်ကျဆင်းလာပြီးစွမ်းအင်လိုအပ်ချက်များပြားလာနေတာကြောင့် နိုင်ငံအတွက် LNGဓါတ်ငွေ့ပိုမိုတိုးမြင့်တင်သွင်းသွားရဖို့ ရှိနေတာဖြစ်ပါတယ်။အခြားနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာဆိုရင်လည်း လာမယ့် ၂၀၁၉မတိုင်ခင် LNG ဓါတ်ငွေ့တွေကို စတင်တင်သွင်းသွားတော့မယ်လို့ စွမ်းအင်နဲ့သဘာဝအရင်းအမြစ်ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကပြောသွားပါတယ်။
ယင်းနိုင်ငံအနေနဲ့လာမယ့် ၂၀၃၀ မတိုင်ခင် LNG ဓါတ်ငွေ့အများဆုံးတင်သွင်းသူနိုင်ငံဖြစ်လာနိုင်တယ်လို့လည်း ၎င်းက
မှတ်ချက်ပြုပါတယ်။လက်ရှိအနေအထားအရတော့ ဂျပန်နိုင်ငံဟာလာမယ့် ၂၀၃၀ မတိုင်ခင်အထိကမ္ဘာ့အများဆုံး LNG ဓါတ်ငွေ့တင်သွင်းသူအဖြစ် ဆက်ရှိနေနိုင်မယ်လို့သိရပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment