Tuesday, November 15, 2016

အကြမ်းဖက်တိုက်ခိုက်ရန်ပြင်ဆင်နေသူ ၁၄ ဦးနှင့် အကြမ်းဖက်သင်တန်းတက်ရောက်ပြီးသူ ၁၇ ဦး မောင်တောမြို့နယ်တွင် ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် လောင်းဒုံကျေးရွာအုပ်စုအတွင်း တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းရေးဆောင် ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် မြဇင်ကျေးရွာသို့ ဝင်ရောက်ရှင်းလင်းစဉ် အဒူဟာမီ၏ နေအိမ်အတွင်းမှ ၎င်းနှင့်အတူ တုတ်၊ ဓားများ ကိုင်ဆောင်ထားပြီး အကြမ်းဖက်စီးနင်းတိုက်ခိုက်ရန်ပြင်ဆင်နေသူ ၁၄ ဦးကို ထပ်မံဖမ်းဆီးရမိသည်။
အဆိုပါအကြမ်းဖက်စီးနင်း တိုက်ခိုက်သူများမှာ အဒူဟာမီ(ဘ)ရူးနာအာလီ၊ မာမတ်တာလောင်(ဘ)မာကီ မာလီ၊ မာဘာလောင်(ဘ)ကာလူး၊ အာလီရူးမား(ဘ) အဒူ ဟောက်၊ ဆော်ဒူအာမိန်(ဘ)အဒူလာလီ၊ ဘောရီဟူဆောင်း (ဘ)နာဇီဟူဆောင်း၊ နူရ်အာလောင်(ဘ)အူလာမျှား၊ ဘော်ရှီအာမက်(ဘ)နူဇီရာမောက်၊ မွတ်စတာကာမာ (ဘ)ကာလာမျှာ၊ အီဒီရက်စ်(ဘ)ရှောင်ရှူအာလောင်၊ ဆွေယော့ တူဆောင်း(ဘ) ရှောအာလီ၊ မာမတ်အစ္စလာမ်(ဘ)အဒူ ရှူကူ၊ အာဘူအာလောင်(ဘ) အော်လီအာမောက်နှင့် နူရ်ဟူဆောင်း(ဘ)ဒူဒူမျှားတို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ အရိုး/အသွား သုံးပေခန့်ရှိသည့် ဓားရှည် ငါးချောင်း၊ အရိုး/အသွား တစ်ပေခွဲခန့်ရှိ ဓားမြှောင် ရှစ်ချောင်း၊ လုံးပတ် လေးလက်မနှင့် အရှည်သုံးပေခွဲရှိ သစ်သားတုတ် တစ်ချောင်း စုစုပေါင်း တုတ်၊ ဓားမျိုးစုံ ၁၄ ချောင်းကို သိမ်းဆည်းရမိသည်။
ထို့ပြင် ယနေ့နံနက် ၅ နာရီခန့်က ပူးပေါင်းအဖွဲ့ဖြင့် မောင်တောမြို့နယ် ရေတွင်းကျွန်းကျေးရွာသို့ သတင်းအရ ဝင်ရောက်ရှင်းလင်းပြီး စစ်ဆေးခဲ့ရာ အကြမ်းဖက်သင်တန်း တက်ရောက်ပြီးသူ မူဟီအူလာ(ဘ)နိုရူအစ္စလာမ်၊ မာမွတ် စလာမ် (ဘ)ဘာစာများ၊ မာမွတ်ဆော်လိမ်(ဘ)မူကာမွတ် ရော်ဖီး၊ ဇော်ဖောအာလောင် (ဘ)နော်ဆီးဟာမွတ်၊ ရာမောက်ဒူလာ(ဘ)နိုရာအာလောင်၊ အာတူအူလာ(ဘ)ဖွေရာ မောက်၊ ရော်ဖီး(ဘ) နော်ဇီရာမောက်၊ ဆွေသူရာမ် (ဘ)ဘော်ဒီအာမူ၊ မာမွတ်စလာမ် (ဘ)မာမွတ်စီးတီး၊ အဘူဟူဆောင်း(ဘ) ဖွေရာမောက်၊ မော်လဝီဖေရူအာ မောက် (ဘ)ဒူဒန်တာမော်၊ မီကာစိန် (ဘ)နိုဟာချိန်း၊ ရော်ရှီးတာမောက်(ဘ)ဖွေဇာမောက်၊ ရော်ရှီးတာမောက် (ဘ)နာဒီဟူစိန်၊ အီဒီရစ်(ဘ) အာဘူစီးတီး၊ မော်လဝီမာမွတ် တာမီ (ဘ)ဟာဘစ်စာမောက်နှင့် ရာရာခါ(ဘ)အဘူရှာမာ စုစုပေါင်း ၁၇ ဦးအား ဖော်ထုတ်ဖမ်းဆီးရမိသည်။
အဆိုပါ ဖမ်းဆီးရမိအကြမ်းဖက်စီးနင်းတိုက်ခိုက်သူ များ၊ အကြမ်းဖက်သင်တန်း တက်ရောက်ပြီးသူများနှင့် သိမ်းဆည်းရမိလက်နက်များအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ကြိမ်ချောင်းရဲစခန်းနှင့် ကျီးကန်းပြင်နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်သို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment