Tuesday, November 15, 2016

အမေရိကန်က မြန်မာနိုင်ငံအား ကုန်သွယ်ရေးအထူးခံစား ခွင့်ကို ပြန်လည်ပေးအပ် မြန်မာ့ထုတ်ကုန်ပစ္စည်းအမျိုးအမည်ငါးထောင်ခန့် အမေရိကန်သို့တင်ပို့ရာတွင် အခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်

အမေရိကန် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအားကုန် သွယ်ရေးအထူးခံစားခွင့်ကို ပြန် လည်ပေးအပ် လိုက်ပြီး မြန်မာနိုင်ငံ မှ ထုတ်ကုန်ပစ္စည်းအမျိုးအမည်ငါး ထောင်နီးပါး အမေရိကန်ပြည်ထောင်စု သို့တင်ပို့ရာတွင် အခွန်ကင်း လွတ် ခွင့်ရမည်ဖြစ်ကြောင်း အမေရိကန် သံရုံး၏ နိုဝင်ဘာ ၁၃ ရက်ကထုတ် ပြန်ချက်အရ သိရသည်။
အမေရိကန်သမ္မတ အိုဘားမား ၏ စက်တင်ဘာ ကြေညာချက်အပြီး ကွန်ဂရက်သို့ အသိပေးအကြောင်း ကြားသည့်ကာလ ရက်ပေါင်း ၆၀ ကြာပြီးနောက် မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးအထူးခံစားခွင့်ကို ပြန် လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အလုပ်သမားရေးရာ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်မှတစ်ဆင့် နိုင်ငံတကာ အသိအမှတ်ပြုထားသော အလုပ်သမား အခွင့် အရေးများကို အကောင် အထည်ဖော်ရန် ကြိုးပမ်း အားထုတ်မှုနှင့် စက်တင်ဘာ ၂၉-၃၀ တွင်ကျင်း ပသော အလုပ်သမား ဥပဒေပြင် ဆင်ခြင်းနှင့် အသင်းအဖွဲ့ စွမ်းဆောင်ရည် တည်ဆောက်ခြင်း ဆိုင်ရာပါဝင်သက်ဆိုင်သူများ ဒုတိယ အကြိမ်ဆွေးနွေး ပွဲအရ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ ဒိန်းမတ် အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့ချုပ်တို့နှင့်အတူ လက်တွဲ လုပ်ဆောင် မှုများအပါအ၀င် သတ် မှတ်ချက်များကို ပြန်လည်သုံးသပ် မှုတစ်ရပ်နှင့် မြန် မာနိုင်ငံကကိုက် ညီသောကြောင့် ကုန်သွယ်ရေး အ ထူးခံစားခွင့် ကို ပြန်လည်ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ကုန်သည်စက်မှု အသင်းချုပ် ၏ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင် မောင်လေးက "အခွန်သက်သာခွင့် အနေနဲ့ အခုပေးတာက ကုန်စည် အမယ် ၃၅၀၀ နဲ့ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေကိုပေးတဲ့ ကုန်စည်အမယ် ၁၅၀၀ ပေါင်းရင် စုစုပေါင်းက ၅၀၀၀ လောက်ဖြစ် သွားတာပေါ့။ မြန်မာ နိုင်ငံကနေ ပို့မယ့်ကုန်စည်တွေအ ခွန်သက်သာခွင့်၊ ကင်းလွတ်ခွင့်ပေး မယ်ဆိုရင် တခြားနိုင်ငံတွေထက်ဈေး နှုန်းအရ ယှဉ်ပြိုင်သွားနိုင်မယ်။ အခု မြန်မာနိုင်ငံက ကုန်စည်တစ်ခုကို ပမာ ဏတစ်သောင်းလောက် ပို့နိုင်တဲ့ အချိန်မှာ သူများကတစ်သိန်းလောက် ပို့နေတယ်။ တစ်သိန်းပို့တဲ့သူ ကို တစ် သောင်းလောက် ပို့တဲ့သူက ဈေးနှုန်း အရဘယ်လိုမှမယှဉ်ပြိုင်နိုင်ဘူး။ အခု လိုသက်သာခွင့်ရမှာလည်း ယှဉ်ပြိုင် နိုင်မှာပေါ့။ ပြည်တွင်း လုပ်ငန်း ရှင် တွေ ပိုင်းကလည်း အခုပေးတဲ့ GSP မှာပါတဲ့ ကုန်စည်တွေကိုကြ ည့်ပြီး ပြည်တွင်းမှာရှိတဲ့အမယ်တွေကို သူ တို့သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း နဲ့အညီပို့နိုင်အောင် ကြိုးစားဖို့လိုပါ တယ်။ မြန်မာနိုင်ငံမှာ အခုဖြစ်နေ တာက တစ်ထောင်လောက်ပို့ရင် ကွာ လတီကောင်းပေ မယ့် တစ်သောင်း လောက် ဆို ကျသွားတယ်။ တစ်သိန်း လောက်ဆိုညံ့သွားပြီ။ ဒီလိုမျိုးတွေ မဖြစ်ဖို့လည်း လိုတယ်။ ရှိပြီးသားပို့ ကုန်တွေကို ကွာလတီထိန်းသိမ်းဖို့လို သလိုပို့ကုန် သစ်တွေရှာဖွေမယ်၊ ဒေသ အသီးသီးက ထုတ်ကုန်တွေတင်ပို့ နိုင်မယ်ဆိုရင် အလုပ်အကိုင်တွေ၊ အခွင့်အလမ်းသစ်တွေ ပေါ်လာ မယ်။ ၀င်ငွေတိုးလာပြီး ဆင်းရဲမှုက လုံးဝမပျောက်ဘူးဆိုရင်တောင် လျော့ ကျသွားမှာပေါ့ " ဟု ဆိုသည်။
အဆိုပါ ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့်ကြောင့် စီးပွားရေး ဖွံ့ဖြိုးမှုကို တွန်းအားပေးနိုင်မည် ဖြစ်ပြီး အလုပ်အကိုင်အခွင့် အလမ်း များ ကိုဖော်ဆောင် ဖန်တီးကာ ဆင်းရဲ နွမ်းပါးမှုကို လျှော့ချနိုင်မည့်ပို့ကုန် လုပ်ငန်းကို ဖော်ဆောင်နိုင်မည်ဖြစ် ကြောင်း သိရသည်။
စီးပွားရေးပညာရှင် ဦးလှမောင် က " ဒီသက်သာခွင့်ကမြန်မာနိုင်ငံ က ထုတ်တဲ့ပစ္စည်းကိုအခွန်သက်သာ ခွင့်ပေးတယ်ဆိုတာ အကောက်ခွန် ကိုသက်သာခွင့်ပေးတာပါ။ အဲဒီ အကောက်ခွန်ကလည်း နိုင်ငံခြားက သွင်းတဲ့ကုန်ကြမ်းဘယ်လောက် ရာ ခိုင်နှုန်းပဲပါရမယ်၊ အဲဒီသတ်မှတ်ချက် နဲ့ ကိုက်ညီတဲ့ကုန်စည်ကိုပဲပေးတာ ဖြစ်တယ်။ အဲဒီအတွက်မြန်မာနိုင်ငံ က ကုန်စည်တွေ ကိုဈေးချိုချိုနဲ့ဝယ် ခွင့်ရသွားမယ်။ အဲဒါကြောင့်အမေရိ ကန်ကို ကုန်စည်တွေပိုပြီးတင်ပို့နိုင် မယ်လို့ယူဆစရာတော့ရှိတယ်။ ဒါ ပေမဲ့ အမေရိကန်နိုင်ငံကို နိုင်ငံတွေ အများကြီးကတင်ပို့နေကြတယ်။ အဲဒီ လိုတင်ပို့တဲ့အခါမှာ အမေရိကန် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီဖို့လိုတယ်။ ပြည်တွင်းလုပ်ငန်း ရှင်တွေအနေနဲ့ ကိုယ်ရဲ့ထုတ်ကုန် တွေကို အမေရိကန်ကသတ်မှတ် ထား တဲ့ စံနှုန်းတွေနဲ့အညီထုတ်လုပ်ဖို့တော့ လိုနေပြီဆိုတာ သိဖို့တော့လိုပါတယ်" ဟုဆိုသည်။


Credit To >>> Democracy Today

0 comments:

Post a Comment