
အဆိုပါစက်တပ်ယာဉ်တွေထဲမှာ မော်တော်ကားအစီးရေ ၈ သိန်းကျော်အထိပါဝင်ပြီး ထော်လာဂျီ၊ဆိုင်ကယ်နဲ့ အခြားသောယာဉ်တွေလည်းရှိနေသေးပြီး အလုံးစုံအာမခံထားရှိမှုနည်းပါးနေသေးတယ်လို့ မြန်မာ့အာမခံလုပ် ငန်းထံကသိရပါတယ်။
“ အလုံးစုံအာမခံထားရင် ကားရဲ့ပျက်စီးသမျှကို မြန်မာ့အာမခံကတာဝန်ယူရပါတယ်၊ တစ်နှစ်အတွင်းပေါ့၊ ဒီနေ ရာမှာသူတစ်ပါးထိခိုက်မှုအာမခံနဲ့ အလုံးစုံမော်တော်ယာဉ်အာမခံကို မသိကြသေးဘူး၊ ထိုအာမခံနှစ်ခုအပေါ်မှာ ရောထွေးမှုတွေရှိနေတယ်လို့”မြန်မာ့အာမခံလုပ်ငန်းတာဝန်ရှိသူကပြောပါတယ်။
အလုံးစုံမော်တော်ယာဉ်အာမခံက မထားမဖြစ်သတ်မှတ်ထားတဲ့ အာမခံအမျိုးအစားမဟုတ်သော်လည်း အ ကြောင်းအမျိုးကြောင့် မော်တော်ယာဉ်ထိခိုက်ပျက်စီးမှုတွေအတွက် ထိခိုက်မှုတန်ဖိုးအလိုက် အာမခံလျော် ကြေးပေးအပ်ခြင်းပဲဖြစ်ပါတယ်။
အလုံးစုံမော်တော်ယာဉ်အာမခံအတွက် ကားရဲ့မျက်မြင်အခြေအနေဓတ်ပုံ၊ ယာဉ်လိုင်စင်၊၀ှီးတက်၊ အုံနာဘုတ်မ ရှိပါက ယာဉ်အရောင်းအ၀ယ်စာချုပ်တွေလိုအပ်တာဖြစ်ပြီး ကားရဲကာလတန်ဖိုးအလိုက် အာမခံကြေးပေးသွင်းရ ပြီး အာမခံသက်တမ်းကို ၃ လမှ တစ်နှစ်အထိထားရှိနိုင်တယ်လို့လည်း သိရပါတယ်။
အာမခံထားရှိမှုအလိုက် ကားရဲ့ပျက်စီးမှု၊ လူသေးဆုံးမှုပေါ်မှာမူတည်ပြီး အာမခံပေးလျော်မှုတွေရှိနေပေမယ့် လူ ထုအကြားအဆိုပါအာမခံကို သိရှိမှုနည်းနေသေးတယ်လို့လည်း သိရပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment