ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းသည် တစ်ပတ်အတွင်း အပြောင်းအလဲမရှိဘဲ ယခုနှစ်အ တွင်း အမြင့်ဆုံးဈေးဖြင့် ရပ်တန့် နေကြောင်း သတင်းရရှိသည်။
စက်သုံးဆီဈေးနှုန်းမှာ စက် တင်ဘာ လဆန်းပိုင်းက စတင်၍ ဆက်တိုက် မြင့်တက်နေရာမှ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ဈေးဆက်လက် မြင့်တက်ခြင်းမရှိတော့ဘဲ ရပ်တန့်နေခြင်းဖြစ်သည်ဟု စက်သုံးဆီ ဈေးကွက်မှ စုံစမ်းသိရသည်။
‘‘ဒီရက်ပိုင်းတွေမှာ အတက် အကျမရှိဘဲ ဈေးနှုန်းပြန်ငြိမ်နေ တယ်။ ရှေ့ဆက်တော့ မပြောနိုင် သေးဘူး’’ဟု APEX စက်သုံးဆီ အရောင်းဆိုင်ခွဲမန်နေဂျာတစ်ဦး က ပြောသည်။
စက်သုံးဆီ ဈေးနှုန်းများ သည် တစ်ပတ်အတွင်း (နိုဝင်ဘာ ၆ ရက်အထိ) ဒီဇယ်တစ်ဂါလန် လျှင် ကျပ် ၂,၉၂၀ ခန့် (တစ်လီတာလျှင် ကျပ် ၆၅၀ ခန့်)၊ အဆင့်မြင့်ဒီဇယ် တစ်ဂါလန်လျှင် ကျပ် ၃,၀၀၀ ခန့် (တစ်လီတာလျှင်ကျပ် ၆၇၀ ခန့်)၊ အောက်တိန်း-92 တစ်ဂါလန်လျှင် ကျပ် ၂,၉၂၀ ခန့်(တစ်လီတာလျှင် ကျပ် ၆၅၀ ခန့်)နှင့်အောက်တိန်း -95 တစ်ဂါလန်လျှင် ကျပ် ၃,၁၅၀ ခန့်(တစ်လီ တာလျှင် ကျပ် ၇၁၀ ခန့်)နှုန်းဖြင့် ရောင်းချနေကြခြင်း ဖြစ်သည်။
ဈေးနှုန်းသိသာစွာ စတင် ပြောင်းလဲခဲ့သည့်စက်တင်ဘာလ ဆန်းပိုင်း၌ ဒီဇင်တစ်ဂါလန်လျှင် ကျပ် ၂,၃၈၀ ခန့်(တစ်လီတာလျှင် ကျပ် ၅၃၀ ခန့်)၊ အဆင့်မြင့်ဒီဇယ် တစ်ဂါလန်လျှင် ကျပ် ၂,၄၇၀ ခန့် (တစလီတာ ကျပ် ၅၅၀ ခန့်)၊ အောက်တိန်း-92 တစ်ဂါလန်လျှင် ကျပ် ၂,၂၉၀ ခန့်(တစ်လီတာလျှင် ကျပ် ၅၅၀)ခန့်နှင့်အောက်တိန်း-95 တစ်ဂါလန်လျှင် ကျပ် ၂,၇၀၀ ခန့်(တစ်လီတာလျှင် ကျပ် ၆၀၀ ခန့်)ရှိခဲ့ခြင်းကြောင့် လက်ရှိ တည်ငြိမ်လျက်ရှိနေသော ဈေးနှုန်းသည် ယခုနှစ်အတွင်း အမြင့်ဆုံးနှုန်းအဖြစ် ရှိနေခဲ့သည်။
ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း သည် တစ်စည်လျှင် ဒေါ်လာ ၅၀ ခန့်သို့ ပြန်လည်ရောက်ရှိလာပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းမှာလည်း ယခုရက်ပိုင်းအတွင်း ဈေးနှုန်းသိ သာစွာ အပြောင်းအလဲမရှိ၍ စက်သုံးဆီဈေးနှုန်း တည်ငြိမ်နေခြင်း ဖြစ်သည်ဟု စက်သုံးဆီဈေးကွက် ကျွမ်းကျင်သူအချို့က ဆိုသည်။
နိုင်ငံခြား ငွေလဲလှယ်နှုန်း သည် အောက်တိုဘာ ၃၁ ရက်က တစ်ဒေါ်လာလျှင် ၁,၂၈၂ ကျပ်ခန့် ရှိပြီး နိုဝင်ဘာ ၆ ရက်တွင် တစ် ဒေါ်လာလျှင် ၁,၂၈၄ ကျပ်ခန့်ဖြင့် ဆက်လက်ရှိနေခဲ့သည်။
‘‘အခုနောက်ပိုင်းက ဒေါ်လာဈေးတက်ပြီဆိုတာနဲ့ ဆီဈေးတွေ က လိုက်တက်တာမြန်တယ်။ ဒေါ်လာဈေးကျခဲ့ရင်တောင် ဆီဈေး လိုက်ချပေးဖို့ ကြာနေတတ်တာ’’ ဟု စက်သုံးဆီဈေးကွက်ကျွမ်း ကျင်သူ ဦးမြင့်အောင်ကဆိုသည်။
နှစ်လခန့် ကာလအတွင်း ပြည်တွင်း စက်သုံးဆီဈေးနှုန်း ဆက်တိုက် မြင့်တက်လာ၍ ရန်ကုန်မြို့တွင်း အငှားယာဉ်အချို့ မှာ ဈေးနှုန်း တိုးမြှင့်တောင်းဆို ခြင်းနှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်အချို့က ကုန်ပို့ခနှုန်း များအနည်းငယ် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment