ဂျပန်နိုင်ငံသို့ ငါးရက်ကြာ သွား ရောက်ခဲ့သော ဒေါ်အောင်ဆန်းစု ကြည်သည် နိုဝင်ဘာ ၄ ရက်တွင် တိုကျိုမြို့၌ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ချုပ်(JCCI)၊ ဂျပန်စီးပွားရေးအဖွဲ့ ချုပ်(Keidanren)တို့ အပါအဝင်ဂျပန်စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ ခြင်းဖြစ်သည်။
မြန်မာလူငယ်များ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း ရှား ပါးကြောင်း စီးပွားရေးတိုးတက်ရေးတွင် ခက်ခဲစေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်ဓာတ်အား စက်ရုံများကဲ့သို့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးတွင် ကူညီရန် အခွင့်အလမ်းများစွာရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်သည် နိုဝင်ဘာ ၅ ရက်တွင် ပြီးဆုံးသော်လည်း ခရီး စဉ်၌ လိုက်ပါသွားခဲ့သော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော် ဝင်းသည် နိုဝင်ဘာ ၉ ရက်အထိ ဆက်လက်ကျန်နေရစ်မည်ဖြစ် သည်။
နိုဝင်ဘာ ၈ ရက်တွင် ဂျပန်နိုင်ငံ၌ မြန်မာ-ဂျပန် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ စီးပွားရေးဖိုရမ်တစ်ခု ပြုလုပ်ရန်ရှိသည်။ ယင်းဖိုရမ်သို့ တက်ရောက်ရန် မြန်မာ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့်အတွင်းရေးမှူး အပါအဝင် စီးပွားရေး လုပ်ငန်းရှင် ၃၀ ကျော် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည်။ JCCI သည် ဂျပန်အစိုးရ၏ မူဝါဒများ၊ စီမံကိန်းများနှင့်ပတ် သက်သော သတင်း အချက်အ လက်များကို ဖြန့်ဝေခြင်း၊ တစ်နိုင် ငံလုံးအတိုင်းအတာဖြင့် စီမံကိန်း ကြီးများ မြှင့်တင်ခြင်းတို့၌ အရေး ပါသော အခန်းကဏ္ဍ၌ ပါဝင် လျက်ရှိသည်။ Keidanren သည် အခြားနိုင်ငံများ၏အစိုးရ၊ စီးပွား ရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မူဝါဒဆွေး နွေးပွဲများပြုလုပ်၍ နိုင်ငံရပ်ခြား တိုင်းပြည်များနှင့် စီးပွားရေးဆက် ဆံမှုမြှင့်တင်ရန် ဆောင်ရွက်လေ့ ရှိသော ဂျပန်စီးပွားရေးအဖွဲ့အ စည်းကြီးဖြစ်သည်။
ဂျပန်အစိုးရက လာမည့်ငါးနှစ်တာအတွင်း ဂျပန်ယန်း ဘီလီယံ ၈၀၀ (အမေရိကန်ဒေါ်လာရှစ်ဘီလီယံခန့်)ကို မြန်မာဖွံ့ဖြိုးရေးအတွက် ကူညီရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
ထို့အပြင် ဂျပန် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အရ မြန်မာနိုင်ငံရှိ သက်တမ်းအိုဟောင်းနေပြီဖြစ်သော ရေအားလျှပ်စစ်စက်ရုံနှစ်ရုံကို ပြန်လည်မွမ်းမံရေးအတွက် ချေးငွေယန်း ၁၀ ဒသမ ၈ ဘီလီယံ (ဒေါ်လာသန်း ၁၀၀ ကျော်)ကို ဂျပန်က ပေးအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံအား ကူညီလှူ ဒါန်းနေသော အဓိက အလှူရှင် နိုင်ငံများအနက် တစ်နိုင်ငံ ဖြစ် သည့် ဂျပန်သည် တိုင်းရင်းသား ဒေသများအတွက် အမေရိကန် ဒေါ်လာ သန်း ၄၀၀ ခန့် လူသား ချင်းစာနာထောက်ထားမှုအစီအ စဉ်တစ်ခုကို ၂၀၁၂ က စတင်ခဲ့ သည်။ ဒေါ်လာ ၁ ဒသမ ၅ ဘီလီ ယံတန် ရန်ကုန်နိုင်ငံတကာလေ ဆိပ်သစ်တည်ဆောက်ရာတွင် ၄၉ ရာခိုင်နှုန်းကို ဂျပန်က ငွေကြေးအကုန်အကျခံမည်ဖြစ်ကြောင်း ၂၀၁၆ အစောပိုင်းက ကြေညာခဲ့ သည်။ ၂၀၁၅ တစ်နှစ်တည်းတွင် မြန်မာအား ချေးငွေ အမေရိကန် ဒေါ်လာ တစ်ဘီလီယံ ဂျပန်က ပေးအပ်ခဲ့သည်။ နှစ်နိုင်ငံအကြား တွင် အမြင်သာဆုံးစီးပွားရေးပူး ပေါင်းဆောင်ရွက်မှုအဖြစ် သီလ ဝါ အထူးစီးပွားရေး စီမံကိန်းကို အကောင်အထည်ဖော်လျက် ရှိ သည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment