Monday, November 7, 2016

မောင်တောတိုက်ခိုက်မှုနှင့်ပတ်သက်၍ သက်သေအခိုင်အမာမရှိဘဲ မည်သူ့ကိုမျှအပြစ်မတင်ရန် သတိထားကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မောင်တောတိုက်ခိုက် မှုနှင့် ပတ်သက်၍ ကွယ်ဝှက်ခြင်း မရှိ စုံစမ်းစစ်ဆေးလျက်ရှိပြီး သက်သေအခိုင်အမာမရှိဘဲ မည်သူ့ကို မျှ အပြစ်မတင်ရန် သတိထား ကြောင်း ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ၄ ရက်၌ ပြုလုပ်ခဲ့ သော ဂျပန်နိုင်ငံ တိုကျိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၉ ရက် မောင်တောအကြမ်းဖက်မှုကြောင့် နေ ရပ်စွန့်ခွာတိမ်းရှောင်သူ ဘင်္ဂါလီ (ရိုဟင်ဂျာ) အမျိုးသမီးအချို့ကို တပ်မတော်သားများက အဓမ္မပြု ကျင့်မှုဖြစ်ပွားခဲ့ကြောင်း စွပ်စွဲမှု များအပါအ၀င် ရခိုင်အရေးနှင့် ပတ်သက်၍ ဂျပန်အမျိုးသားစာ နယ်ဇင်းကလပ်တွင် ပြုလုပ်ခဲ့ သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များက မေးမြန်းခဲ့ကြသည်။

‘‘ဘယ်ဟာအတွက် ဘယ်သူ က တာဝန်ရှိတယ်ဆိုတာနဲ့ ပတ် သက်လို့ သက်သေအထောက်အ ထားအခိုင်အမာ ကျွန်မတို့မှာ မရှိဘဲနဲ့ ဘယ်သူဘယ်ဝါကိုမှ အပြစ် မတင်ဖို့ ကျွန်မတို့ အင်မတန်မှကို သတိထားထားပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။

မွတ်စလင်များအသက်ဆုံး ရှုံးခဲ့သလို ရဲတပ်ဖွဲ့ဝင်များလည်း အသက်ဆုံးရှုံးခဲ့ရသည်ကို ၎င်းက ထောက်ပြခဲ့သည်။ အစိုးရအနေ ဖြင့် မည်သည့်အရာကိုမျှ ဖုံးကွယ် ရန် ကြိုးစားခြင်းမရှိကြောင်းလည်း၎င်းက ဆိုသည်။

အပြစ်ရှိကြောင်း သက်သေ မပြနိုင်မချင်း လူတိုင်းလူတိုင်းကို အပြစ်ကင်းမဲ့သူဟု သတ်မှတ်ရ သည့် အကြောင်းကိုလည်း ၎င်းက ထောက်ပြသည်။

‘‘ဒီကိစ္စရဲ့ ဇာစ်မြစ်ကိုတူး ဖော်ဖြေရှင်းဖို့ ကျွန်မတို့ ကြိုးစားနေပါတယ်’’ဟု နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။ ဖြစ်ပွားသည့် ဖြစ်စဉ်အားလုံးကို စုံစမ်းစစ်ဆေးမည် ဖြစ်ပြီး ယင်း လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံ၏ တရားဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်မည်ဟုလည်း ဆက်လက်ပြောကြားသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment