Monday, November 21, 2016

ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အဆိုပြုချက်ကို ဆီးရီးယားအစိုးရပယ်ချ

ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အဆိုပြုထားသော စစ်သွေးကြွများအား အလက်ပိုမြို့၏အရှေ့ပိုင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြုရန် အဆိုပြုချက်ကို ဆီးရီးယားအစိုးရက ပယ်ချခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝါလစ်အလ်မိုလ်လန် က နိုဝင်ဘာ ၂ဝ ရက်တွင် ပြောကြားသည်။ အဆိုပါ ပြောဆိုချက်အား ဒမတ်စကတ်တွင် ရောက်ရှိနေသော ကုလသမဂ္ဂအထူးကိုယ်စားလှယ် စတတ်ဖိန်ဒီ မစ်ဒူရာနှင့်တွေ့ဆုံပြီးနောက် မိုလ်လန်က ပြောကြားသည်။ မစ်ဒူရာက အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး စစ်သွေးကြွများဘက်မှ လိုက်နာဆောင် ရွက်စေရန် မိမိအနေဖြင့် အာမမခံနိုင်ကြောင်း ပြောကြားခဲ့သည်။ အလက်ပိုမြို့ရှိ တိုက်ပွဲများ၏ အခြေအနေမှာ ရှုပ်ထွေးနေပြီး နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် တိုက်ခိုက်မှုများအား ရပ်တန့်စေလိုသော ဆန္ဒရှိသည်။ နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် ''သူပုန် တွေကို အလက်ပိုမြို့အရှေ့ပိုင်းမှ ဖယ်ထုတ်နိုင်ရင် အစိုးရအဖွဲ့အစည်းတွေ ပုံမှန်အလုပ်လုပ်နိုင်မည်''ဟု ပြောဆိုခဲ့သည်။ ''ဆီးရီးယားအစိုးရအနေနဲ့ ၎င်းရဲ့နိုင်ငံသားတွေကို အကြမ်းဖက်သမားတွေ လက်ထဲက ကယ်တင်ဖို့တာဝန်ရှိပါတယ်''ဟု ၎င်းက ဆိုသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment