
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နှင့် ကြာသပတေးနေ့တွင် တွေ့ဆုံခဲ့ပြီး ရွေးကောက်ခံသမ္မတစ်ဦးအဖြစ် ယုံကြည်မှုရှိပါကြောင်း ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် အာဘေးက "ရတဲ့အချိန်အနည်းငယ်လေးမှာ ကျွန်တော်တို့ ကျယ်ကျယ်ပြန်ပြန့် စကားပြောဆိုနိုင်ခဲ့ကြပါတယ်၊ ကျွန်တော်တို့တွေက နွေးနွေးထွေးထွေ ဖော်ဖော်ရွေရွေပါပဲ" ဟု နယူးယောက်မြို့၊ မဟက်တန်ဒေသရှိ ဘီလီယံနာကြီး ထရန့်၏ မိုးပျံတိုက်တွင် တွေ့ဆုံခဲ့ပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။
ဆက်ပြီးသူက "နှစ်နိုင်ငံကြားမှာ ယုံကြည်မှုမရှိဘဲ အနာဂတ်မှာ ကျွန်တော်တို့ရဲ့ မဟာမိတ်အစီအစဉ်ကလည်း ဆက်လက်လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး၊ ဒီနေ့ ဆွေးနွေးပွဲရလာဒ်အနေနဲ့ မစ္စတာ ထရန့်ဟာ ကျွန်တော်က အများကြီး ယုံကြည်ကိုးစားလောက်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ ပြောချင်ပါတယ်" ဟုဆိုသည်။ ၀န်ကြီးချုပ် အာဘေးက ဇန်န၀ါရီလတွင် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုမီ အစိုးရအဖွဲ့ကို ပုံဖော်နေချိန်တွင် ဒေါ်နယ်ထရန့်က သူနှင့် တွေ့ဆုံခဲ့သည်ကို ကျေးဇူးတင်ပါကြောင်းလည်း ပြောကြားခဲ့သည်။ ကျယ်ပြန့်သော ကိစ္စရပ်များနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးရန် ထပ်မံတွေ့ဆုံရေးကို နှစ်ဦးသား သဘောတူညီခဲ့ကြသည်ဟုဆိုသည်။
Credit To >>> Democracy Today
0 comments:
Post a Comment