၂၀၁၇ အတွက် မော် တော်ယာဉ်တင်သွင်းခွင့် ထုတ်လုပ်နှစ် (Model Year)သတ်မှတ် ချက်ကို ယခုလနောက်ဆုံးပတ် တွင် တရားဝင်ထုတ်ပြန်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်ထောက်အတွင်းဝန် ဦးခင် မောင်လွင်က ပြောကြားသည်။
‘‘ပုံစံအမျိုးမျိုးနဲ့ သတင်းတွေ ပြန့်နေတာတွေ ရှိပါတယ်။ အား လုံးကို ဟုတ်ပါတယ်၊ မဟုတ်ပါ ဘူးဆိုပြီး အတည်ပြုပေးလို့မရပါ ဘူး။ ကျွန်တော်တို့ တရားဝင်ကို ဒီလကုန်ခါနီး ရှေ့တစ်ပတ်ထဲ ထုတ်ပြန်ပေးမှာပါ’’ဟု ၎င်းက ပြောသည်။ပြင်ပတွင် ကြိုတင်သတင်း ထွက်ပေါ်နေသည့် မော်ဒယ်သတ် မှတ်ချက်များအတိုင်းဆိုပါက နှစ် သစ်တွင် အပြောင်းအလဲများစွာ ဖြင့် တင်သွင်းရမည့်အခြေအနေ ဖြစ်နေသည်။ ရန်ကုန်လိုင်စင်ပိတ် ထားမှုအပေါ်ကိုလည်း မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို အသေးစိတ်သိလိုကြောင်း မော် တော်ယာဉ်တင်သွင်းရောင်းချသူ များက ပြောသည်။
‘‘ရန်ကုန်တိုင်းဒေသကြီးက တော့ လာမယ့် ဘတ်ဂျက်နှစ်မှာ ကားပါကင်စနစ်အစား ကားဝယ် ယူတင်သွင်းခွင့်လက်မှတ် COE (Certificate of Entitlement)ကို ကျင့်သုံးသွားဖို့ရှိနေတယ်။ ရန် ကုန်ကားအစီးရေကတော့ အများကြီး မတက်လာနိုင်တော့တဲ့အခြေ အနေပါ’’ဟု မော်တော်ယာဉ်တင် သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချ သူများအသင်းဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ဆိုသည်။
အဆိုပါစနစ်သည် သက် ဆိုင်ရာအစိုးရအဖွဲ့က ကားဝယ် ယူတင်သွင်းခွင့်လက်မှတ်ကို လေ လံပုံစံဖြင့် ခွင့်ပြုရောင်းချပေးမည့် စနစ်ဖြစ်သည်။
ရောက်ရှိပြီးသား တစ်ပတ် ရစ် (Used)ကားအများစုသည် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ဈေးတက်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။
၂၀၁၇ တွင် ဖရီးပါမစ်ကား များသည် မော်ဒယ်မြင့် ဘယ်မောင်းသာ တင်သွင်းရဖွယ်ရှိခြင်း နှင့် အိုဟောင်းပါမစ်မှာလည်း ၂၀၁၁ အထက်သာ တင်သွင်းရဖွယ်ရှိသောကြောင့် ဈေးတက်နိုင်သည်ဟု မော်တော်ယာဉ်တင် သွင်းရောင်းချသူများက ခန့်မှန်းနေသည်။‘‘ဖရီးပါမစ်ကို ကျပ်လိုက်ပြီ ဆိုတာနဲ့ အခု စလစ်မလိုဘဲ သွင်း နေတဲ့ ပွိုင့်သရီးကားလေးတွေ အ ကုန်စလစ်ကပ်ပြီး သွင်းရတော့ မယ့် အခြေအနေ ဖြစ်သွားနိုင် တယ်’’ ဟု သီရိမင်္ဂလာယာဉ် ရောင်းဝယ်ရေးစခန်းမှ ဦးကြီးမြင့် က သုံးသပ်သည်။
လာမည့်နှစ်တွင် မော်ဒယ် မြင့်ကားများသာ တင်သွင်းရန် သတင်းများထွက်ပေါ်နေပြီး CIF တန်ဖိုးအနည်းငယ်သာ လျှော့ချ ပေးထားနိုင်ကြောင်း မော်တော် ယာဉ် တင်သွင်းရောင်းချသူများ က သုံးသပ်ထားသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment