Wednesday, November 9, 2016

အာရှနိုင်ငံတွေ လူမှုရေးအာမခံချက်တွေကို တိုးချဲ့လုပ်ဆောင်ထားဖို့လို့တယ်လို့ ADB ပြော

အာရှနဲ့ ပစိဖိတ်ဒေသက နိုင်ငံအများစုအနေနဲ့ ယင်းတို့မှာ ရှိနေတဲ့လူဦးရေအလိုက် လုံလောက်တဲ့ ထောက်ပံ့ဖြည့်ဆည်းပေးနိုင်မှုစေဖို့အတွက်ဆိုရင် ထောက်ပံ့ရေး ပရိုဂရမ်တွေကိုတိုးချဲ့လုပ်ဆောင်ထားဖို့လိုအပ်တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB ဘဏ်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။

မနီလာအခြေစိုက် ဘဏ်က လုပ်ဆောင်ခဲ့တဲ့ လူမှုအကာအကွယ်ဆိုင်ရာလေ့လာချက်တွေအရဆိုရင်တော့ ဒေသတွင်းနိုင်ငံတော်တော်များများမှာအငြိမ်းစားပင်စင်လစာ၊ ကျန်းမာရေးအာမခံ စတဲ့ လူမှုဆိုင်ရာအာမခံချက်တွေနဲ့ပတ်သက်လို့ အစိုးရတွေဆီက ထောက်ပံ့မှုကောင်းကောင်းရှိမနေဘူးလို့ သိရပါတယ်။

အလားတူ လူမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေဖြစ်ကြတဲ့ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးအစီအစဉ်တွေ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ အလုပ်သမားဈေးကွက်ပရိုဂရမ်တွေ စတာတွေရှိမနေဘူးလို့ဆိုပါတယ်။

နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့တဲ့ ယင်းလေ့လာချက်အရတော့ အာရှနိုင်ငံတွေကအစိုးရတွေအနေနဲ့ လူမှုအကာအကွယ် ပရိုဂရမ်တွေနဲ့ပတ်သက်လို့ ပျမ်းမျှအသုံးစရိတ်ပမာဏဟာ တစ်ဦးချင်း ဂျီဒီပီရဲ့ ၃ ဒသမ၇ ရာခိုင်နှုန်းနဲ့ညီမျှနေတယ်လို့ သိရပါတယ်။ ပစိဖိတ်ဒေသမှာလည်းတစ်ဦးချင်း ဂျီဒီပီရဲ့၁ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ညီမျှနေတယ်လို့ သိရပြီးတော့ယင်းဒေသနှစ်ခုစလုံးမှာတော့ ရှိနေတဲ့လူဦးရေအတွက်လုံလောက်တဲ့လွှမ်းခြုံမှုမျိုး ရှိမနေသေးဘူးလို့ သိရပါတယ်။

THE SOCIAL PROTECTION INDICATOR (SPI): ASSESSING RESULTS FOR ASIA, ANDSOCIAL PROTECTION INDICATOR (SPI): ASSESSING RESULTS FOR THE PACIFICခေါင်းစဉ်တွေနဲ့ လုပ်ဆောင်ခဲ့တဲ့ယင်းလေ့လာချက်တွေမှာတော့အာရှဒေသကနိုင်ငံ ၂၅ နိုင်ငံနဲ့ ပစိဖိတ်ဒေသက နိုင်ငံ ၁၃ နိုင်ငံက အချက်အလက်တွေကိုပေါင်းစပ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment