Wednesday, November 9, 2016

တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် အခြေခံပညာသင်ကျောင်း ၁၀ ကျောင်း ဆောက်လုပ်လှူဒါန်းမည်ဟု ဆို



တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား နှစ်စဉ် ယွမ် ၁၀ သန်းခန့်တန်ဖိုးရှိ ချစ်ကြည်ရေး အထိမ်းအမှတ် ကျောင်း ၁၀ ကျောင်း လှူဒါန်းသွားရန် စီစဉ်ထားသည်ဟု တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ယဉ်ကျေးမှု အကြံပေး တန်ရှန်တင်က သောကြာနေ့တွင် ပြောကြားသည်။


မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် တည်ဆောက်ပြီးစီးသည့် ဒုတိယမြောက် တရုတ်- မြန်မာ ချစ်ကြည်ရေး ကျောင်းဖွင့်ပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ကျောင်းလှူဒါန်းခြင်းအပြင် ပညာသင်ဆုအတွက် ကျပ်သိန်း ၁၀၀ ကိုလည်း လှူဒါန်းခဲ့သည်။

မစ္စတာတန်က တရုတ်နှင့် မြန်မာ နှစ်နိုင်ငံသည် အခြေခံ ပညာရေးကဏ္ဍအပြင် အဆင့်မြင့် ပညာရေးကဏ္ဍတွင်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် သက်မွေးပညာကဏ္ဍတွင်လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်ဟု ဆိုသည်။ ချစ်ကြည်ရေး ကျောင်းသစ်၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ရီမွန်က ကျောင်းအဆောက်အအုံသစ်များကြောင့် ကလေးများသည် ကျန်းမာရေးနှင့် ပိုမိုကိုက်ညီ သင့်တော်သည့် အခြေအနေဖြင့် ပညာသင်ကြားနိုင်တော့မည်ဟု ပြောကြားသည်။

ပထမဆုံး တရုတ်မြန်မာ ချစ်ကြည်ရေးကျောင်းကို ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် အောက်တိုဘာလက ဖွင့်လှစ်ခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ပညာသင်ဆုနှင့် ပညာရေးဖွံ့ဖြိုးမှု အထောက်အပံ့များ ပူးတွဲပေးအပ်ခဲ့သည်။

Credit To >>> The Ladies News

0 comments:

Post a Comment