Tuesday, November 8, 2016

အစိုးရနှင့်ပူးပေါင်းလုပ်ကိုင်ခွင့်ရမည့် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချခွင့်ရ ကုမ္ပဏီကို နိုဝင်ဘာ တတိယပတ်တွင် ရွေးချယ်နိုင်ဖွယ်ရှိ

လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာနနှင့် စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချမှုကို အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခွင့်ရမည့် ကုမ္ပဏီကို နိုဝင်ဘာတတိယပတ် အတွင်း အတည်ပြုရွေးချယ်နိုင် ဖွယ်ရှိကြောင်း သတင်းရရှိသည်။


လျှပ်စစ်စွမ်းအင်ဝန်ကြီး ဌာနသည် စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချမှုကို အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် နိုင်ငံတကာ ရှိ ရေနံကုမ္ပဏီကြီးများကို ယခင် အစိုးရလက်ထက် ၂၀၁၅ နှစ် လယ်ပိုင်းက တင်ဒါဖိတ်ခေါ်ခဲ့ပြီး အဆင့်ဆင့်စိစစ်မှုများ ပြုလုပ်ခဲ့ ပြီးနောက် ယခု အတည်ပြုရွေး ချယ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု အဆိုပါဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။
‘‘နောက်ဆုံးအဆင့် တင်ဒါ ယှဉ်ထားတဲ့ ကုမ္ပဏီသုံးခုထဲက နေ လုပ်ကိုင်ခွင့်ရကုမ္ပဏီနဲ့ ဒုတိယအရန်ကုမ္ပဏီဆိုပြီး နှစ်ခု ကို ရွေးသွားမှာပါ။ ဒီလတတိယ အပတ်လောက်ဖြစ်ဖို့များတယ်’’ ဟု ၎င်းက ပြောသည်။
အဆိုပါလုပ်ငန်းအတွက် တင်ဒါစတင်ရောင်းချခဲ့စဉ်က ပြည်ပကုမ္ပဏီ ၁၄ ခုမှ တင်ဒါပုံစံ များ ၀ယ်ယူခဲ့သော်လည်း Indian Oil ကော်ပိုရေးရှင်း၊ Puma Energy Group လီမိတက်၊ PT. Pertamina (PERSERO) နှင့် Idemitsu International (Asia) Pte လီမိတက် စသည့် ကုမ္ပဏီ လေးခုသာ နောက်ဆုံးအဆင့် လျှောက်ထားမှုရှိကြောင်း မူလက သတင်းထုတ်ပြန်ခဲ့သည်။
ယင်းကုမ္ပဏီလေးခုအနက် ဂျပန်ကုမ္ပဏီဖြစ်သည့် Idemitsu International (Asia)Pte ကုမ္ပဏီသည် တင်ဒါလျှောက်လွှာ တင်စဉ်ကတည်းက လိုအပ်သည့် အချက်အလက် ပြည့်မီခြင်းမရှိ သောကြောင့် ချန်လှပ်ခံခဲ့ရ နောက် ဆုံးယှဉ်ပြိုင်ခွင့်အတွက် ကုမ္ပဏီ သုံးခုသာ ကျန်ခြင်းဖြစ်သည်။
တင်ဒါရွေးချယ်ပြီးပါက အောင်မြင်သည့် ကုမ္ပဏီနှင့် အ သေးစိတ်ထပ်မံဆွေးနွေးညှိနှိုင်း ခြင်း၊ သဘောတူစာချုပ် ချုပ်ဆို ရန် အချက်အလက်များကို နိုင်ငံ တော်အဆင့်သို့ အဆင့်ဆင့်တင် ပြခွင့်ပြုချက် ရယူခြင်းများအ တွက် လုပ်ငန်းစတင်နိုင်ရန် ထပ် မံအချိန်ယူရဦးမည်ဟု အဆိုပါအ ရာရှိက ဆိုသည်။
‘‘ထပ်ပြီးလုပ်ရမှာတွေ အ များကြီးရှိသေးတော့ လုပ်ငန်းစ နိုင်ဖို့ဆိုရင် ခြောက်လလောက် တော့ အချိန်ထပ်ယူရဦးမယ့်အ ခြေအနေရှိတယ်’’ဟု ၎င်းက ပြော သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနသည် ၂၀၁၁ အတွင်းက နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် ၂၆၁ ဆိုင်ကို ပုဂ္ဂလိကသို့ နှစ်ရှည် လွှဲပြောင်းလုပ်ပိုင်ခွင့်ပေးအပ်ခဲ့ ပြီးနောက် ပြည်တွင်းစက်သုံးဆီ ရောင်းချမှုကို ရပ်နားထားခဲ့ရာမှ တစ်ကျော့ပြန်ဝင်ရောက်ရန် ပြင် ဆင်နေခြင်းဖြစ်သည်။
ထိုသို့ အစိုးရနှင့် အကျိုးတူ ပူးပေါင်းပါဝင်လာမည့် နိုင်ငံခြား ကုမ္ပဏီသည် ပြည်တွင်းဈေးကွက် အတွင်း ၀င်ရောက်လာမည်ဆိုပါ က စက်သုံးဆီဈေးကွက်၌ ယှဉ် ပြိုင်မှု အားကောင်းလာနိုင်သည် ဟု စက်သုံးဆီဈေးကွက် ကျွမ်း ကျင်သူများက ပြောသည်။
‘‘နိုင်ငံတော်အပိုင်းက ၀င် လာရင်တော့ စက်သုံးဆီဈေးနှုန်း ထိန်းညှိမှုအတွက် ပိုအားကောင်း လာမယ်ထင်တယ်။ လက်ရှိလုပ် နေတဲ့ကုမ္ပဏီတွေအနေနဲ့ ယှဉ် ပြိုင်နိုင်ဖို့အတွက် ပိုအားထုတ်ရ တော့မယ်လို့မြင်တယ်’’ဟု စက် သုံးဆီဈေးကွက်ကျွမ်းကျင်သူ ဦးမြင့်အောင်က ပြောသည်။
လက်ရှိတွင် ပြည်တွင်းသို့ စက်သုံးဆီတင်သွင်းသည့် ပုဂ္ဂလိ ကကုမ္ပဏီ ၁၆ ခုခန့်နှင့် ဖွင့်လှစ် ရောင်းချနေသည့် စက်သုံးဆီအ ရောင်းဆိုင်ပေါင်း ၂,၀၀၀ ခန့်ရှိ ကြောင်း သတင်းရရှိသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment