Monday, October 24, 2016

Brexit ကြောင့် ဘဏ်ကြီးတွေ နိုင်ငံတွင်းကနေ ထွက်ခွာသွားနိုင်

နိုင်ငံမှာရှိနေတဲ့ အထင်ကရ ဘဏ်ကြီးတွေအနေနဲ့ လက်ရှိ Brexit နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုအခြေအနေတွေကြောင့် လာမယ့်နှစ်အစောပိုင်းလောက်မှာ ဗြိတိန်နိုင်ငံတွင်းကနေထွက်ခွာပြီး ပြည်ပမှာ ပြောင်းရွှေ့အခြေစိုက်ဖို့ အသင့်တောင်ဖြစ်နေကြပြီလို့ ဗြိတိန်ဘဏ်လုပ်ငန်းအသင်းBBA က ထုတ်ပြန်သတိပေးလိုက်ပါတယ်။BBA ရဲ့ အကြီးအကဲဖြစ်တဲ့ Anthony Browne က The Observer မှာ ရေးသားထားရာမှာတော့နိုင်ငံမှာရှိတဲ့ ဘဏ်ငယ်လေးတွေအနေနဲ့လည်း၂၀၁၇ မတိုင်ခင် နိုင်ငံရပ်ခြားမှာ လုပ်ငန်းတွေပြောင်းရွှေ့လုပ်ကိုင်သွားနိုင်တယ်လို့ ရေးသားထားပါတယ်။
“ သူတို့တွေရဲ့ လက်တွေဟာ နေရာပြောင်းရွှေ့မယ့်ခလုတ်ကို နှိပ်ဖို့လက်တင်ထားပြီး ပါပြီ” လို့ ၎င်းကရေးသားထားပါတယ်။ဘဏ်အများစုဟာဆိုရင် ဥရောပသမဂ္ဂအုပ်စုထဲမှာဗြိတိန်နိုင်ငံ ဆက်နေရေးဘက်ကိုပဲထောက်ခံအားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ ပြည်သူတွေအကြား အချီအချဆွေးနွေးမှုတွေဟာ လွဲမှားတဲ့ ဦးတည်ချက်လမ်းကြောင်းတစ်ခုဘက်ကို လှမ်းနေတယ်လို့ Mr Browne ကသတိပေးပါတယ်။လက်ရှိအချိန်မှာတော့ Brexit ကြောင့် နိုင်ငံရဲ့ ဘဏ်လုပ်ငန်းဟာ အခြားစီးပွားရေးလုပ်ငန်းကဏ္ဍတွေထက်ပိုမိုထိခိုက်ခံရဖို့ရှိနေတယ်လို့ ၎င်းက ပြောသွားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment