Monday, September 12, 2016

ဆော့ဝဲချို့ယွင်းမှုကြောင့် ကားစီးရေ ၄ သန်းကျော်ပြန်သိမ်းဖို့ အမေရိကန် GM ကားကုမ္ပဏီစီစဉ်

အမေရိကန် ထိပ်တန်းကားကုမ္ပဏီတစ်ခုဖြစ်တဲ့ GM Motors ဟာ ယင်းရဲ့ကားတွေမှာ ဆော့ဝဲလ်ချို့ယွင်းမှု ပြစ်ချက်တစ်ခု ရှာတွေ့ခဲ့တာကြောင့် ကမ္ဘာတစ်ဝန်းက ကားစီးရေ ၄ သန်းကျော်ကို ပြန်သိမ်းနေရပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါယ်။

ကားတွေမှာ ကွန်ပြူတာဆော့ဝဲချို့ယွင်းမှုနဲ့ပတ်သက်ပြီးသေဆုံးသူ ၁ ဦးရှိခဲ့တယ်လို့လည်း သိရပါတယ်။
ယခုတွေ့ရှိခဲ့တဲ့ ပြစ်ချက်ဟာ ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့်လည်း ယင်းဟာ ယာဉ်တိုက်မှုလို အရေးပေါ်အခြေအနေရောက်ရင် အသက်ကယ်လေအိတ်ပွင့်ဖို့ အတားအဆီးဖြစ်စေနိုင်တာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ယင်းအချိန်မှာ ထိုင်ခုံခါးပတ်တွေရဲ့ ခံနိုင်မှုအားကလည်း စိတ်ချရတဲ့အခြေအနေမှာမရှိဘူးလို့ ဆိုပါတယ်။
၂၀၁၄-၁၇ မော်ဒယ် အမျိုးအစား ထရပ်ကားတွေ၊ SUVs ကားတွေ ပြန်သိမ်းမယ့်အထဲမှာ ပါနေတယ်လို့ ကုမ္ပဏီကပြောပါတယ်။ အလားတူ ဖောက်သည်တွေနဲ့ပါ ဆက်သွယ်ပြီးဆော့ဝဲတွေကို အခမဲ့ အဆင့်မြှင့်တင်မှုတွေလုပ်နိုင်ဖို့ စီစဉ်သွားမယ်လို့လည်း ဆိုပါတယ်။

ယခုလို ကားစီးရေပေါင်းများစွာ ပြန်သိမ်းဖို့လုပ်ဆောင်နေရပေမယ့် ကုမ္ပဏီရဲ့ဘဏ္ဍာရေးပိုင်းကိုတော့ သိသိသာသာ ထိခိုက်စေနိုင်ဖို့မရှိဘူးလို့လည်း ဒက်ထရွိုက်အခြေစိက်GM ကားကုမ္ပဏီက ပြောပါတယ်။

ပြန်သိမ်းသွားမယ့် ကားစီးရေ ၄ ဒသမ ၃ သန်းအနက်ကစီးရေ ၃ ဒသမ ၆ သန်းလောက်ဟာ အမေရိကန်နိုင်ငံတွင်းမှာပဲရှိနေတယ်လို့ သိရပါတယ်။

ယင်းကုမ္ပဏီဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကလည်းလေအိတ်တွေချို့ယွင်းစေတဲ့ ခလုတ်ပျက်မှုနဲ့ပတ်သက်ပြီးတော့ စီးရေပေါင်း ၂ ဒသမ ၆ သန်းကျော် ဈေးကွက်ထဲကနေ ပြန်သိမ်းခဲ့ရပါသေးတယ်။ ယင်းချို့ယွင်းမှုဖြစ်စဉ်မှာသေဆုံးသူ ၁၂၄ ဦးအတွက်လည်း နစ်နာကြေးတွေထုတ်ပေးခဲ့ရပါသေးတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment