အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှဒေသရဲ့ အကြီးဆုံးဖုန်းဈေးကွက်ကြီးဖြစ်နေတာကြောင့်လည်း ယခုလိုကမ္ဘာ့မိုဘိုင်းဖုန်းထုတ်လုပ်သူ ကုမ္ပဏီတွေ စုဝေးလာနေကြတာလို့လည်း သိရပါတယ်။
Batam မြို့က ပြည်တွင်းဖုန်းထုတ်လုပ်ရေး စက်ရုံ Sat Nusapersada မှာဆိုရင် ကျွမ်းကျင်လုပ်သားတွေ ယခုမျိုးဆက်သစ်ဖုန်းတွေကို တပ်ဆင်ထုတ်လုပ်နေကြတာကို တွေ့ရမှာပဲဖြစ်ပါတယ်။
Sat Nusapersada ဟာဆိုရင် ထိုင်ဝမ်အီလက်ထရောနစ် ကုမ္ပဏီ Asustek Computer အတွက်လည်း စမတ်ဖုန်းတွေ
တပ်ဆင်ထုတ်လုပ်ပေးနေသလို Acer နဲ့ တရုတ်ရဲ့ Hisense တို့အတွက်လည်း စမတ်ဖုန်းတွေ တပ်ဆင်ထုတ်လုပ်ပေးနေလျက်ရှိပါတယ်။ အလားတူ ယင်းစက်ရုံဟာဆိုရင် အိန္ဒိယရဲ့ Lava International အတွက်လည်း အမှာစာတွေ လက်ခံ လုပ်ဆောင်ပေးနေတာကြောင့် နိုင်ငံခြားဖုန်းအမှတ်တံဆိပ်တွေအတွက် အဓိကထောက်ပံ့ထုတ်လုပ်ပေးသူ ဖြစ်လာနေပါတယ်။
တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယားရဲ့ Samsung ဟာလည်း ဂျာကာတာမြို့စွန့်က စက်ရုံတစ်ရုံမှာ ယင်းရဲ့ဖုန်း ထုတ်
လုပ်ရေးလိုင်းတစ်ခုကို ထားရှိထားပါတယ်။ ကမ္ဘာ့ဦးဆောင် မိုဘိုင်းလုပ်ငန်းတစ်ခုဖြစ်တဲ့ Samsung အနေနဲ့ ယင်းရဲ့ Galaxy S7 နဲ့ အခြား 4G ပစ္စည်းတွေကို ထုတ်လုပ်ဖို့ ယင်းလိုင်းကို အသုံးပြုသွားမှာဖြစ်ပါတယ်။
လက်ရှိ အင်ဒိုနီးရှားဟာဆိုရင် တစ်နှစ်ကို စမတ်ဖုန်းနဲ့ မိုဘိုင်းဖုန်းအလုံးရေ သန်း ၃၀ နီးပါး ထုတ်လုပ်နေတယ်လို့ သိရပါတယ်။
အလားတူ စစ်တမ်းတစ်ခုအရ ၂၀၁၅ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံသား ၅၅ သန်းလောက်ဟာ စမတ်ဖုန်းကိုင်နိုင်ခဲ့ကြပြီး ယင်းအချိန်က ဂျပန်နိုင်ငံက ၅၂ သန်းထက် ပိုမိုများပြားနေခဲ့ပါတယ်။ လူဦးရေ သန်း ၂၅၀ ရှိတဲ့ အင်ဒိုနီးရှားရဲ့ စမတ်ဖုန်းဈေးကွက်ဟာဆိုရင် လာမယ့် ၂၀၁၉ မတိုင်ခင် ဖုန်းအသုံးပြုသူဦးရေ ၉၂ သန်းထိ တိုးပွားလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment