Monday, September 12, 2016

ရှမ်းပြည်နယ် ဒီချုပ်ခေါင်းဆောင်အချို့ တာဝန်မှ ဖယ်ရှားမှု ဒီချုပ်စီအီးစီ အစည်းအဝေးတွင် အတည်ပြု

ရှမ်းပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်အချို့ကို တာဝန်မှ ဖယ်ရှားမှုနှင့်ပတ်သက်၍ စက် တင်ဘာ ၁၁ ရက်တွင် နေပြည်တော်၌ပြုလုပ်သည့် ဒီချုပ်ဗဟိုအလုပ်အမှုဆောင် အစည်းအ ဝေးတွင် အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။

‘‘အစည်းအဝေး ဆုံးဖြတ် ချက်ကတော့ ကျွန်တော်ပြီးခဲ့တဲ့ အပတ်က တောင်ကြီးသွားပြီး တော့ ရှမ်းပြည်နယ် တောင်ပိုင်း မှာ အရေးယူရတဲ့ကိစ္စတွေအ တည်ပြုချက်ယူတာ။ ရှမ်း/ တောင်က ဥက္ကဋ္ဌဒေါ်ခင်မိုးမိုးရယ်၊ ဒေါ်မီးမီးရယ်၊ ဒေါ်ယူမီဇော်ရယ် ကို တာဝန်က ဖယ်ရှားတဲ့ကိစ္စ ပေါ့။ အရေးယူတုန်းက တယ်လီ ဖုန်းနဲ့ သတင်းပို့ပြီးသားလေ။ အခုကတော့ တရားဝင်အတည် ပြုချက်ယူတာပေါ့။ အဲဒီလိုပဲ ကို တိုးကို အရေးယူတဲ့ ကိစ္စကိုလည်း အတည်ပြုချက်ယူတယ်’’ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။
ဒေါ်ခင်မိုးမိုးသည် ရှမ်းပြည် နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌဖြစ်ပြီး ဒေါ်ယူမီဇော်က အတွင်းရေးမှူးဖြစ်သည်။ ဦးတင် မောင်တိုးသည် တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သည်။
ဦးဝင်းထိန်သည် ရှမ်းပြည်နယ် အလုပ်အမှုဆောင် အဖွဲ့အသစ် ပြန်လည်ရွေးချယ်ပေးရန် တောင်ကြီးမြို့သို့ စက်တင်ဘာ ၃ ရက်က သွားရောက်ခဲ့ပြီး ခရီးစဉ်အတွင်း အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အရေးယူခံရမှုနှင့် ပတ် သက်၍ ပြန်လည်စစ်ဆေးပေး ရန် ပါတီစည်းကမ်းထိန်းသိမ်း ရေးအဖွဲ့သို့ စာတင်ထားကြောင်း အရေးယူခံရသူ ဒေါ်ခင်မိုးမိုးက ပြောသည်။
‘‘စီအီးစီ အစည်းအဝေးမှာ ဘာတွေဆုံးဖြတ်လဲ ကျွန်မ မသိ ဘူး။ ကျွန်မတို့ကို တရားဝင်အ ကြောင်းပြန်လာတဲ့အပေါ် မူတည်ပြီး လုပ်စရာရှိတာ ဆက်လုပ်သွား မယ်’’ဟု ဒေါ်ခင်မိုးမိုးက ပြော ကြားသည်။
စီအီးစီအစည်းအဝေး၏ ဆုံး ဖြတ်ချက်များကို အစည်းအဝေး တက်ရောက်သူ ဒေါက်တာ မေ ၀င်းမြင့်အား မေးမြန်းရာ ဦးဝင်း ထိန်ကိုသာ မေးမြန်းရန် ပြောကြားသည်။
နေပြည်တော်စည်ပင်ဧည့် ရိပ်သာဝင်းအတွင်းရှိ ယူနီစန် ကဖေးတွင် ပြုလုပ်သော စီအီးစီ အစည်းအဝေးသို့ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဦးဝင်းမြင့်၊ ဧရာဝတီ တိုင်းဒေသကြီး ၀န်ကြီးချုပ် မန်း ဂျော်နီ၊ မန္တလေးတိုင်းဒေသကြီး  ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့် မောင်၊ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုး ညိုနှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ စီအီးစီအဖွဲ့ဝင် ဦးထွန်း ထွန်းဟိန်နှင့် ဒေါက်တာ မေ၀င်း မြင့်တို့ တက်ရောက်ခဲ့ကြသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment