Friday, September 2, 2016

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ နှစ်ဖက်စလုံးက တရားဝင်အပစ် ရပ်ကြောင်းကြေညာပေးရန် အရပ်ဘက်အဖွဲ့ အစည်းတစ်ရာကျော်က သဘောထားထုတ်

၂၁ ရာစုပင်လုံညီလာခံ စတင်သည့် နေ့တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှစ်ဖက်စလုံးက တရားဝင် အပစ်အခတ်ရပ်စဲကြောင်း  ကြေညာပေးရန်၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇/၁ ကို ပယ် ဖျက်ပေးရန်နှင့် နိုင်ငံရေးဆိုင်ရာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးရန် အရပ်ဘက်အ ဖွဲ့အစည်းတစ်ရာကျော်က  သ ဘောထားကြေညာချက် ထုတ် တောင်းဆိုခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ၏ဦး တည်ချက်နှင့် လုပ်ဆောင်ချက်များအတွက် အပြန်အလှန်လေးစားယုံကြည်မှုကို အကျည်းတန် ပျက်ပြားစေမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအပေါ် ထိုးစစ်ဆင်နေမှုများကို ချက်ချင်းရပ်တန့်ပြီး ညီလာခံစတင်သည့်နေ့တွင် နှစ်ဖက်တပ်များက တရားဝင်အပစ်အခတ် ရပ်စဲကြောင်း ကြေညာပေးရန် ဟူ၍ထိုတောင်းဆိုစာ၌ ပါရှိသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အ နာဂတ်နိုင်ငံရေးဆွေးနွေးပွဲများ တွင် နိုင်ငံလုံးဆိုင်ရာ အပစ်အ ခတ်ရပ်စဲရေးစာချုပ် (NCA)သ ဘောတူညီချက်အရ အရပ်ဘက် အဖွဲ့အစည်းများအား ကဏ္ဍစုံ တွင် ပါဝင်ကူညီဆွေးနွေးခွင့်ပြု ပေးရန်လည်း တောင်းဆိုထား သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များတွင် လွတ်လပ်ထိရောက်စွာ ပါဝင်ကူညီနိုင်ရန် အဓိက အဟန့် အတားဖြစ်နေသော မတရားအ သင်း အက်ဥပဒေပုဒ်မ ၁၇/၁ အား ပယ်ဖျက်ပေးပါရန်နှင့် နိုင်ငံရေး ဆိုင်ရာအထွေထွေလွတ်ငြိမ်းချမ်း သာခွင့်ထုတ်ပေးရန်လည်း ဖော်ပြ ထားသည်။
ယခုညီလာခံ၌ ပါဝင်ခွင့်မရ သေးသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများ နောင် ကျင်းပမည့် ညီလာခံတွင် ပါဝင် လာနိုင်ရန် အစိုးရနှင့် တပ်မတော် က သဘောထားကြီးစွာဖြင့် စေ့ စပ်ညှိနှိုင်းအကောင်အထည်ဖော် ပေးရန်လည်း ကြေညာချက်၌ ဖော်ပြထားသည်။
ထိုတောင်းဆိုချက်များကို NNER၊ WLB၊ Generation Wave၊ Equality Myanmar၊ Kachin Peace Network တို့အပါ အဝင် နိုင်ငံတစ်ဝန်း အရပ်ဘက် အဖွဲ့အစည်းပေါင်း ၁၁၃ ခုတို့က ကြေညာချက် ထုတ်ခဲ့ခြင်းဖြစ် သည်။
Credit To >>> 7 Day Daily 

0 comments:

Post a Comment