Friday, September 2, 2016

အမေရိကန်ကိုဆန့်ကျင်ပြီး တရုတ်ရဲ့ AIIB ဘဏ်နဲ့ ပူးပေါင်းဖို့ ကနေစီစဉ်နေ

တရုတ်အစိုးရရဲ့ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် AIIB မှာပါဝင်ဖို့ ကနေဒါနိုင်ငံက လျှောက်ထားတောမှာဖြစ်တောကြောင့် အမေရိကန်တို့အတွက်ကတော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ AIIB ဘဏ်နဲ့ပူးပေါင်းဖို့လျှောက်ထားမယ်ဆိုပြီး ကနေဒါ ဘဏ္ဍာရေးဝန်ကြီးဌာနက သြဂုတ်လ၃၁ ရက်မှာ ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ကို ပြိုင်ဆိုင်ဖို့ ရည်ရွယ်ချက်နဲ့ဖွင့်လှစ်တည်ထောင်ထားတဲ့တရုတ်ရဲ့ဘဏ်နဲ့ ချိတ်ဆက်တာတွေ မလုပ်ကြဖို့ ၀ါရှင်တန်အစိုးရကယခင်ကာလတွေတုန်းကတည်းက ယင်းရဲ့မဟာမိတ်နိုင်ငံတွေကို သိမ်းသွင်းဖျောင်းဖျထားခဲ့ပါသေးတယ်။
" ကနေဒါအနေနဲ့ ကမ္ဘာတစ်ဝန်း ပြည်သူတွေအတွက်ရော ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ၀င်ငွေအလယ်အလတ်တန်းစား ပြည်သူတွေအတွက် ပိုကောင်းတဲ့မျှော်လင့်ချက်တွေနဲ့ အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ နည်းလမ်းတွေရှာခဲ့တာဖြစ်ပါတယ်၊ AIIB ဘဏ်မှာ အဖွဲ့ဝင်ဖြစ်လာဖို့က ကျွန်တော်တို့အတွက် အဲဒီအခွင့်အရေးတွေ ရနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ ကနဒါ ဘဏ္ဍာရေးဝန်ကြီး Bill Morneau က ထုတ်ပြန်ချက်တစ်စောင်မှာပြောထားပါတယ်။
ပေကျင်းအစိုးရက ယခုနှစ်အစောပိုင်းက ထူထောင်ခဲ့တဲ့ AIIB ဘဏ်ကိုတော့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့နဲ့ ယှဉ်ပြိုင်ဖို့ ရည်ရွယ်တည်ထောင်ထားတာလို့ စီးပွားရေးပညာရှင်တစ်ချို့က ရှုမြင်ထားကြပါတယ်။
ဒါပေမယ့်လည်း ယင်းဘဏ်ကြီးဟာ လက်ရှိ ကမ္ဘာက ချမှတ်ထားတဲ့ လူမှု၊ပတ်ဝန်းကျင်နဲ့ စီးပွားရေး ရေရှည်ခိုင်မြဲမှု စညမျဉ်းတွေကို လှိုက်စားသွားနိုင်ပြီးစီမံကိန်းတွေကို စံချိန်စံညွန်းမမီဖြစ်သွားစေနိုင်မယ့် အခြေအနေတွေ လုပ်လာနိုင်တယ်လို့ ဝေဖန်သူတွေကလည်း ပြောဆိုထားကြပါတယ်။
ယခုလို ကနေဒါရဲ့ ကမ်းလှမ်းချက်ကိုတော့ ၀မ်းပန်းတသာ ကြိုဆိုတယ်လို့တော့ AIIB ဘဏ်ရဲ့ ဥက္ကဌ Jin Liqun က ထုတ်ပြန်ပြောကြားသွားပါတယ်။
ကမ္ဘာ့အကြီးဆုံးနဲ့ တတိယအကြီးဆုံး စီးပွားရေးနိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်နဲ့ဂျပန် နိုင်ငံတွေကတော့ ယင်းဘဏ်နဲ့ ချိတ်ဆက်ပူးပေါင်းဖို့ အစဉ်တစိုက် ငြင်းဆန်ထားခဲ့ကြပါတယ်။
Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment