Wednesday, September 7, 2016

ကမ္ဘာတစ်ဝန်း ဆင်းရဲချမ်းသာ ညီမျှမှု မရှိဆုံးနိုင်ငံ ရုရှ ဖြစ်


ကမ္ဘာတစ်ဝန်း ဆင်းရဲချမ်းသာ ညီမျှမှု မရှိဆုံးသော နိုင်ငံဟာ ရုရှ နိုင်ငံဖြစ်တယ်လို့ ချမ်းသာကြွယ်ဝမှုဆိုင်ရာ သုသေသလုပ်ငန်းဖြစ်တဲ့ New World Wealth က ပြောပါတယ်။ ယင်းရဲ့ အဆိုအရ ရုရှ နိုင်ငံရှိတဲ့ သန်းကြွယ်သူဌေးတွေရဲ့လက်ထဲမှာ တစ်နိုင်ငံလုံး စုစုပေါင်း ချမ်းသာကြွယ်ဝမှုတန်ဖိုးအားလုံးပေါင်းရဲ့ ၆၂ ရာခိုင်နှုန်းကျော် ထိ ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ရုရှနိုင်ငံရဲ့ နောက်မှာတော့ အိန္ဒိယဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ဆင်းရဲချမ်းသာ ညီမျှမှုမရှိဆုံး နိုင်ငံတစ်နင်ငံဖြစ်ပါတယ်။ ယင်းနိုင်ငံမှာဆိုရင်တော့ အသားတင်ကြွယ်ဝမှုတန်ဖိုး ၁ ဘီလီယံနဲ့ ယင်းထက်ပိုမိုပိုင်ဆိုင်သူ သန်းကြွယ်သူဌေးတွေဟာ နိုင်ငံမှာ စုစုပေါင်းချမ်းသာကြွယ်ဝမှုတန်ဖိုးရဲ့ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားတာဖြစ်တယ်လို့ NewWorld Weath ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ သန်းကြွယ်သူဌေးတွေ လက်ထဲမှာက ချမ်းသာကြွယ်ဝမှုတန်ဖိုးအားလုံးပေါင်းရဲ့ ၅၄ ရာခိုင်နှုန်းလောက်ထိ ရှိနေတယ်လို့ သိရပါတယ်။

ယင်းနိုင်ငံဟာ ဆိုရင် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ် ပါဝင်နေတာဖြစ်ပြီးတော့ စုစုပေါင်းကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ဘီလီယံပေါင်း ၅,၆၀၀ လောက်ရှိနေပေမယ့်လည်း ပြည်သူတော်တော်များများကတော့ ဆင်းရဲကြတယ်လို့သိရပါတယ်။

အခြားတစ်ဘက်မှာတော့ ဂျပန်ကတော့ ကမ္ဘာပေါ်မှာ သာတူညီမျှမှုအရှိဆုံး နိုင်ငံအဖြစ် ယင်းအစီရင်ခံစာမှာ သတ်မှတ်ဖော်ပြခံခဲ့ရပါတယ်။ ဂျပန် နိုင်ငံက သန်းကြွယ်သူဌေးတွေကတော့ စုစုပေါင်း နိုင်ငံကြွယ်ဝချမ်းသာမှုရဲ့ ၂၂ ရာခိုင်နှုန်းကိုပဲ ထိန်းသိမ်းထားတာဖြစ်တယ်လို့သိရပါတယ်။

ယင်းနိုင်ငံရဲ့ နောက်မှာလည်း သြစတြေးလျနိုင်ငံရှိနေပြီးတော့ သန်းကြွယ်သူဌေးတွေဟာ စုစုပေါင်းကြွယ်ဝမှုရဲ့ ၂၈ ရာခိုင်နှုန်းလောက်ကိုပဲ ထိန်းသိမ်းထားတယ်လို့ ဆိုထားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment