Wednesday, September 7, 2016

Alibaba ရဲ့ ပိုင်ရှင်Jack Ma ကို အင်ဒိုအစိုးရ က E-commerceပိုင်းမှာ အကြံပေးအနေနဲ့ ခန့်ဖို့လုပ်ဆောင်


နိုင်ငံရဲ့ အီလက်ထရောနစ် စီးပွားရေးလုပ်ငန်းကို တိုးတက်ဖွံ့ဖြိုးနိုင်ဖို့ လုပ်ဆောင်တဲ့နေရာမှာ တရုတ်ရဲ့ Alibaba လုပ်ငန်းစုဥက္ကဌ Jack Ma ကို အကြံပေးပုဂ္ဂိုလ်အဖြစ် ထားရှိဖို့ အင်ဒိုနီးရှားအစိုးရက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာ့စတုတ္ထ အများဆုံးလူဦးရေ ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာဆိုရင် ငယ်ရွယ်ပြီး အင်တာနက်အသုံးပြုမှုပိုင်း ကျယ်ပြန့်မှုရှိတဲ့အနေအထားတစ်ခုကို ပိုင်ဆိုင်ထားတာကြောင့် ဖွံ့ဖြိုးလာခါစ အီလက်ထရောနစ်စီးပွားရေးလုပ်ငန်းဈးကွက်ဟာလည်း ကမ္ဘာတစ်ဝန်းက ရင်းနှီးမြှုပ်နှံသူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်လျက်ရှိပါတယ်။
ယခုနှစ်အစောပိုင်းတုန်းကဆိုရင်လည်း Alibaba လုပ်ငန်းစုဟာ အရှေ့တောင်အာရှ အင်ဒိုနီးရှားရဲ့ အွန်လိုင်း လက်လီလုပ်ငန်း Lazada Group ကိုဒေါ်လာ ၁ ဘီလီယံလောက်နဲ့ အစုရှယ်ယာတွေ ၀ယ်ယူထိန်းသိမ်းထားခဲ့ပါတယ်။

ယခုအခါ အီလက်ထရောနစ် စီးပွားရေးလုပ်ငန်း နိုင်ငံမှာ ယခုထက် ပိုမိုတိုးတက်ဖွံ့ထွားလာဖို့အရေး အင်ဒိုအစိုးရအနေနဲ့ ဦးဆောင်လုပ်ငန်းကော်မတီတစ်ရပ်ကို ထူထောင်ဖို့ လုပ်ဆောင်နေပြီးတော့ အဖွဲ့ဝင် ဆယ်ဦးပါတဲ့ယင်းကော်မတီမှာ Jack Ma ကို အဖွဲ့ဝင်အကြံပေး ပုဂ္ဂိုလ်တစ်ဦးအဖြစ်ပါဝင်ပေးဖို့ တောင်းဆိုထားတာလည်းဖြစ်ပါတယ်။

ယခုလို အင်ဒိုရဲ့ e-commerce ဦးဆောင်ကော်မတီမှာ အကြံပေးပုဂ္ဂိုလ်အဖြစ် ပါဝင်ဖို့ ကမ်းလှမ်းခံရတယ်လို့ Jack Ma ရဲ့ ပြောရေးဆိုခွင့်ရှိသူကအတည်ပြုခဲ့ပေမယ့် ယင်းကမ်းလှမ်းချက်ကို လက်ခံမလား၊ ပယ်ချမလားဆိုတာကိုတော့ ပြောဆိုသွားခြင်းမရှိပါဘူး။

လက်ရှိ e-commerce လုပ်ငန်းနယ်ပယ်မှာ အကြီးအကျယ်အောင်မြင်မှုတွေရရှိထားတဲ့ အာရှဒေသရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဆီက အကူအညီရယူပြီနိုင်ငံရဲ့ e-commerce လုပ်ငန်းတွေကို တိုးတက်အောင်မြင်နိုင်ဖို့ အင်ဒိုအာဏာပိုင်တွေက မျှော်လင့်နေတာလည်းဖြစ်ပါတယ်။


Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment