Wednesday, September 7, 2016

မြောက်ကိုရီးယားရဲ့နောက်ဆုံးဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုအပြီး လုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးပြုလုပ်သွားမည်




မြောက်ကိုရီးယားရဲ့နောက်ဆုံးဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုအပြီး စက်တင်ဘာလ(၆)ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ယူသွားမယ်လို့ သိရပါတယ်။ စက်တင်ဘာလ(၅)ရက်နေ့ကမြောက်ကိုရီးယားဟာပဲ့ထိန်းဒုံးကျည်(၃)လုံးကိုစမ်းသပ်ပစ်လွှတ်ခဲ့တာပါ။အဲ့ဒီဒုံးကျည်တွေဟာကီလိုမီတာ(၁၀၀၀)ခန့် ပျံသန်းခဲ့ပြီးနောက်မှာ ဂျပန်ပင်လယ်ပြင်ရှိအထူးသီးသန့်စီးပွါးရေးဇုန်ထဲကိုကျရောက်ခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လ(၃)ရက်နေ့က ဂျပန်နိုင်ငံရဲ့အထူးသီးသန့်စီးပွါးရေးဇုန်ထဲကိုဒုံးကျည်ကျရောက်ခဲ့ပြီးနောက်မှာ ဒါဟာဒုတိယအကြိမ်မြောက်ကျရောက်တာဖြစ်ပါတယ်။ဒီဒုံးကျည်ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး ဂျပန်၊အမေရိကန်နဲ့တောင်ကိုရီးယားတို့ ရဲ့တောင်းဆိုမှုနဲ့စက်တငဘာလ(၆)ရက်နေ့ ဒေသစံတော်ချိန်မနက်(၁၁)နာရီခွဲမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ တွေ့ဆုံသွားမယ်လို့မျှော်လင့်ရကြောင်း AFP သတင်းမှာဖော်ပြထားပါတယ်။

Credit To >>> Central News Bureau

0 comments:

Post a Comment