အာရှဖွံ့ဖြိုးရေး ဘဏ် (ADB)နှင့် ပြင်သစ်ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီတို့ထံမှ ကန်ဒေါ်လာ သန်း၂၀၀ကျော်ချေး ယူရန် နိုင်ငံတော်သမ္မတက ပြည် ထောင်စုလွှတ်တော်နာယကထံ သို့ သဝဏ်လွှာပေးပို့ခဲ့သည်။
နိုင်ငံတော်သမ္မတက အာရှ ဖွံ့ဖြိုးရေးဘဏ်မှ ကန်ဒေါ်လာ ၁၈၅ဒသမ၅ သန်းနှင့် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ယူရို ၂၅ သန်းချေးယူရန် သ၀ဏ် လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။
ချေးငွေကို စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့က ချေးယူကြမည်ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် အမေရိကန်ဒေါ်လာ ၇၅ သန်းနှင့် ယူရို ၂၅ သန်း၊ ပညာရေးဝန်ကြီး ဌာနက အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၅ သန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမေရိ ကန်ဒေါ်လာ ၁၂ သန်းတို့ အသီးသီး ချေးငွေရယူကြမည်ဖြစ်သည်။
ချေးငွေရယူမည့် သဘော တူညီချက်တွင် အာရှဖွံ့ဖြိုးရေး ဘဏ်မှချေးငွေအတွက် ဆိုင်းငံ့ ကာလ ရှစ်နှစ်၊ ပြန်ဆပ်ကာလ ၂၄ နှစ်၊ အတိုးနှုန်းအနေဖြင့် ဆိုင်းငံ့ကာလအတွင်း တစ်ရာခိုင်နှုန်း။ ပြန်ဆပ်ကာလအတွင်း တစ်နှစ် လျှင် ၁ ဒသမ ၅ ရာခိုင်နှုန်းပေးရ မည်ဖြစ်ပြီး ပြင်သစ်ဖွံ့ဖြိုးတိုး တက်ရေး အေဂျင်စီမှ ရယူမည့် ချေးငွေအတွက် ဆိုင်းငံ့ကာလ ရှစ် နှစ်၊ ပြန်ဆပ်ကာလ ၁၂ နှစ်ဖြစ်သည်။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ချေးငွေဖြင့် ရေသွင်းစိုက်ပျိုးမှု ဧရိ ယာအပါအဝင် လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်းကို အပူပိုင်းဇုန်ဒေသများဖြစ် သည့် မကွေးတိုင်းနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် အကောင် အထည်ဖော်မည်ဖြစ်သည်။
ပညာရေးဝန်ကြီးဌာနသည် လူငယ်များ အလုပ်အကိုင်ရရှိရန် လေ့ကျင့်ပြုစုမွေးထုတ်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေဖြင့် အကောင်အထည် ဖော်မည်ဖြစ်သည်။
ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လည်း မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေး လုံခြုံမှုဆိုင်ရာ စီမံချက်ကို အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၂ သန်းဖြင့် ကျိုင်းတုံ၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ လွိုင်ကော်၊ မယ်စဲ့၊ ထား ဝယ်၊ ကော့သောင်း၊ မူဆယ်၊ လားရှိုး၊ မော်လမြိုင်နှင့် ရေးမြို့ နယ်တို့တွင် အကောင်အထည် ဖော်မည်ဖြစ်သည်။
အဆိုပါလုပ်ငန်းများ အ ကောင်အထည်ဖော်နိုင်ရန် ချေး ငွေများ ချေးယူရေးအတွက် ပြည် ထောင်စုလွှတ်တော်၏ အတည် ပြုချက်လိုသောကြောင့် ချေးငွေရ ယူမည့် ဝန်ကြီးဌာနများက ချေး ငွေအသုံးပြုမည့် စီမံကိန်းများကို လွှတ်တော်သို့ လာရောက်တင်ပြ ခဲ့ကြသည်။
အဆိုပါ ဝန်ကြီးဌာနများမှ ချေးငွေရယူမည့် ကိစ္စကို လွှတ် တော်ကိုယ်စားလှယ်များက ဆွေး နွေးကြမည်ဖြစ်ကာ ပြည်ထောင် စုလွှတ်တော်နာယကက ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် များ အမည်စာရင်းပေးကြရန် ကြေညာထားသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment