ရှစ်လတာကာလ အ တွင်း ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီး သွားဝင်ရောက်မှု ယမန်နှစ်ကာလတူထက် ၈ ရာခိုင်နှုန်းတိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှသိရသည်။
၂၀၁၅ ဇန်နဝါရီမှ ဩဂုတ် အထိ ရှစ်လအတွင်း ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု တစ်သိန်းငါးသောင်းကျော်ရှိခဲ့ပြီး ယခုနှစ် ရှစ်လအတွင်း တစ်သိန်း ခြောက်သောင်းကျော် ဝင်ရောက် ခဲ့ခြင်းကြောင့် ၈ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန မှ ပြန်ကြားရေးတာဝန်ခံအရာရှိ က ပြောသည်။
‘‘ငလျင်လှုပ်တဲ့ ရက်ပိုင်း တွေမှာလည်း ပုဂံကို ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုက လျော့ သွားတာမျိုးမရှိဘဲ မနှစ်ကထက် ပိုမိုဝင်ရောက်ခဲ့ပါတယ်။ ဝင် ရောက်တဲ့ ကမ္ဘာလှည့်ခရီးသည် တွေက မနှစ်က ကာလတူထက် ပိုများတယ်’’ဟု ၎င်းက ပြောကြားခဲ့ သည်။
၂၀၁၆ ဩဂုတ် ၂၄ ရက်တွင် ငလျင်ကြောင့် ပုဂံဘုရားများ ထိ ခိုက် ပျက်စီးခဲ့ပြီး ဘုရားစေတီ အချို့ကို ဖူးမြော်လေ့လာခွင့် ယာ ယီပိတ်ခဲ့သော်လည်း ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှု လျော့ကျခြင်းမရှိခဲ့ကြောင်း ဆိုသည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်တွင် ပုဂံဒေသသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု တစ်သောင်းနှစ် ထောင်ကျော်ရှိခဲ့ပြီး ယခုနှစ်တွင် တစ်သောင်းငါးထောင်ကျော်ရှိ ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
၂၀၁၅ တွင် ပုဂံဒေသကို တစ်ရက်လျှင် ပျမ်းမျှခရီးသွား ဝင်ရောက်မှု ၄၀၅ ဦးရှိခဲ့ပြီး ၂၀၁၆ တွင် တစ်ရက်လျှင်ပျမ်းမျှ ၅၀၀ ကျော် ဝင်ရောက်လျက်ရှိသည်ဟု ပြော သည်။
ထို့ကြောင့် ငလျင်လှုပ်ခတ် မှုကြောင့် ပုဂံဘုရားများ ပြိုကျ ပျက်စီးခဲ့သော်လည်း ခရီးသွား လုပ်ငန်းထိခိုက်မှုမရှိဘဲ ကမ္ဘာ လှည့်ခရီးသွား ဝင်ရောက်မှုလျော့ ကျသွားခြင်းမျိုးမရှိကြောင်း သိရ သည်။
ပုဂံတွင် ငလျင်ဖြစ်ပေါ်ပြီး နောက်ပိုင်း တားမြစ်ထားသော ဘုရားစေတီဝင်းအတွင်း ဝင် ရောက်ခြင်းမပြုရန်၊ ပြိုကျနေ သော မျက်နှာကြက်နှင့် နံရံအနီး ကို ဖြတ်သန်းသွားလာခြင်းမပြု ရန်၊ မည်သည့်အပျက်အစီး အ ပိုင်းအစကိုမျှ ယူဆောင်လွှင့်ပစ် ခြင်းမပြုရန်၊ နံရံဆေးရေးပန်းချီ များကို ကိုင်တွယ်ခြင်းမပြုရန်၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင် ရွက်နေသည်ကို နှောင့်ယှက်ခြင်း မပြုရန် သတိပေးကြေညာချက် များ ထုတ်ပြန်ထားသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment