Thursday, September 15, 2016

၂၀၁၆ မြန်မာနိုင်ငံမဟာဗျူဟာ ဥပဒေကြမ်း အမေရိကန်လွှတ်တော်တွင် တင်သွင်း

 ဒေါ်အောင်ဆန်းစုကြည် ၀ါရှင်တန်သို့ရောက်မည့်ရက်တွင် မြန်မာ့စီးပွားဖွံ့ဖြိုးရေးအတွက် အ ထောက်အကူပြုမည့် ‘၂၀၁၆ မြန် မာနိုင်ငံ မဟာဗျူဟာဥပဒေကြမ်း’ ကို အမေရိကန်အထက်လွှတ် တော်သို့ ဒီမိုကရက်တစ်နှင့် ရီပက် ဘလေကန်နှစ်ပါတီစလုံးကတင် သွင်းခဲ့ကြသည်။


ထိုဥပဒေကြမ်း၌ အမေရိ ကန်ပိတ်ဆို့မှုများနှင့် ရင်းနှီးမြှုပ်နှံ မှု၊ စီးပွားရေးအထောက်အပံ့၊လူ့ အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဥပဒေပြောင်းလဲရေးနှင့် စစ်တပ်ဆိုင်ရာအခြေအနေတို့ကို ထောက်ပြထားပြီး စီးပွားရေးပိတ်ဆို့မှုဖြေလျှော့ရေးလမ်းညွှန်ချက်များပါရှိသည်။
အမေရိကန်ဒီမိုကရက်တစ်ပါတီမှ အထက်လွှတ်တော်အမတ် တင်ကာဒင်နှင့် ရီပက်ဘလေကန်ပါတီမှ အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းတို့က ဦးဆောင်တင်သွင်းခဲ့ပြီး လက်ရှိစီးပွားရေးပိတ်ဆို့မှုများကို ပြုပြင်ခြင်း(သို့မ ဟုတ်)ဖယ်ရှားခြင်းတို့နှင့် စပ် လျဉ်း၍ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဂျွန်ကယ်ရီအနေဖြင့် အကဲ ဖြတ်အကြံပြုထောက်ခံချက်များ ချမှတ်ရန်လည်း ၎င်းတို့က တိုက် တွန်းခဲ့သည်။ ဒေါ်အောင်ဆန်းစု ကြည်နှင့် နှစ်ပါတီစလုံးမှ လွှတ် တော်အမတ်များ ၀ါရှင်တန်မြို့တွင် တွေ့ဆုံရန်စီစဉ်ထားသည်။
‘‘ဒီကနေ့ ကျွန်တော်တို့တင် ခဲ့တဲ့ဥပဒေဟာ မြန်မာရဲ့အသွင် ကူးပြောင်းမှုကို ချောမွေ့ပြီးပြည့် စုံစေဖို့အတွက် လိုအပ်တဲ့လူ့အ ခွင့်အရေး၊ ရိုဟင်ဂျာ(ဘင်္ဂါလီ)အ ခက်အခဲ၊ မြန်မာ့လူ့အဖွဲ့အစည်း နဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍ၊ တိုင်းရင်းသားနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ကျယ်ပြန့်မှုကိုအခြေခံတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲမှုတို့နဲ့ စပ်လျဉ်းပြီး ရှိနေတဲ့စိုးရိမ်ပူပန်မှုတွေ နဲ့ ပတ်သက်လို့ အမြင်ရှင်းရှင်း ထားရှိနေတဲ့ တစ်ချိန်တည်းမှာပဲ မြန်မာ့တိုးတက်မှုအပေါ် တည် ဆောက် တိုးပွားပေးဖို့ဖြစ်ပါတယ်’’ ဟု ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ကာဒင်ကပြောသည်။
ရီပက်ဘလေကန်အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း ကလည်း မြန်မာ့အသွင်ကူး ပြောင်းမှုနှင့် အရပ်သားအစိုးရ သစ်တက်လာမှုတို့ကို ထောက်ပြ ပြီး ‘‘ဒီလို ထူးခြားတဲ့ ဖွံ့ဖြိုးတိုး တက်မှုတွေဟာ မြန်မာအပေါ် အ မေရိကန်မူဝါဒကို ပြန်လည်သုံး သပ်ဖို့အကြောင်းခိုင်လုံစေပါ တယ်။ ဒီဥပဒေဟာ မြန်မာပြည်သူ လူထုအတွက် ဒီမိုကရေစီ၊ လူ့အ ခွင့်အရေးနဲ့ ငြိမ်းချမ်းရေးကို ရှေ့ ဆက်တိုးတက်ရေးကို အထောက် အကူပေးမယ့် ကျွန်တော်တို့ နှစ် နိုင်ငံအကြား ဆက်ဆံရေးခေတ် သစ်တစ်ခတ်ဆောင်ကြဉ်းပေးမှာ ဖြစ်ပါတယ်’’ဟု ပြောသည်။
ထိုဥပဒေ၌ ဒီမိုကရေစီ၊ ကောင်းမွန်သောအုပ်ချုပ်ရေး၊ တိုင်းရင်းသားပြန်လည်သင့်မြတ် ရေး၊ တွင်းထွက်သယံဇာတတူး ဖော်ရေးကဏ္ဍဆိုင်ရာဥပဒေပြု ပြင်ပြောင်းလဲမှုများ၊ စစ်တပ်ပိုင် လုပ်ငန်းများကိုင်တွယ်ရေးနှင့်အ ခြားအဓိကကျသည့် သတ်မှတ် ချက်များဆိုင်ရာရှိနေသော စိန် ခေါ်မှုများကိုစောင့်ကြည့်၍ မြန် မာ၏ တိုးတက်မှုအခြေအနေအ ရပ်ရပ်ကို ထည့်သွင်းစဉ်းစား လျက် လက်ရှိစီးပွားရေးပိတ်ဆို့မှု များကို ပြုပြင်ခြင်း(သို့မဟုတ်) ဖယ်ရှားခြင်းတို့နှင့်စပ်လျဉ်း၍နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အကဲဖြတ်အကြံပြု ထောက်ခံချက်များ ပေးခြင်းအားဖြင့် အထူးပစ်မှတ်ထား ပိတ်ဆို့ကန့်သတ်ခံရသူများ (SDN) စာရင်းအပါအ၀င် ပိတ်ဆို့မှုများကို သက်သာလျှော့ပေါ့ပေးရန် စံသတ်မှတ်ချက်များနှင့် လမ်းညွှန်ချက်များ ပါဝင်သည်။
အရပ်ဘက်အဖွဲ့အစည်းများ ကို ထောက်ပံ့ရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ များပေးရန်၊ တိုင်းရင်းသားပြန် လည်သင့်မြတ်မှု မြှင့်တင်ရန်၊ အ ကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး နှင့် ပွင့်လင်းမြင်သာမှု လုပ် ဆောင်ချက်များ အားကောင်းစေ ရန်၊ နှစ်နိုင်ငံ အပြန်အလှန်စီးပွား ရေးအကူအညီခွင့်ပြုရန် ဥပဒေ၌ ပါရှိသည်။ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပေါ် အာရုံစိုက်သည့် မြန်မာနိုင်ငံရှိ စီမံကိန်းများကို ထောက်ခံအား ပေးရန် နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းများမှ အမေရိကန် ကိုယ်စားလှယ်များအား တိုက် တွန်းရန်တို့ပါရှိသည်။
အင်္ဂလိပ် သာသာစကားသင်တန်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် စစ်တပ်၏ပါဝင်မှု၊ စစ်တပ်ကို အရပ်သားအုပ်ချုပ်ရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရေးတွင် ကူညီဆောင်ရွက်ရန် အခြားနိုင်ငံများ၏ စစ်တပ်များနှင့်ကူညီစေ့စပ် ဆောင်ရွက်ပေးမည့်အစီအစဉ်တစ်ခု စသည်တို့အတွက် အမေရိကန်ပြည်ထောင်စုနှင့်  မြန်မာအကြား အကန့်အသတ် ရှိသော စစ်တပ်-စစ်တပ်ချင်း ဆက်ဆံရေးကို ခွင့်ပြုရန်လည်း ဖော်ပြထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment