Thursday, September 15, 2016

Wells Fargo ဘဏ်အရှုပ်တော်ပုံကြောင့် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံထိ ဆုံးရှုံးခဲ့ရတဲ့ Warren Buffett

ဘဏ်ဝန်ထမ်းတွေက ဖောက်သည်တွေမသိဘဲ အကောင့်တုပေါင်း၂ သန်းကျော်ထိ ခိုးဖွင့်ထားခဲ့တဲ့ ဖြစ်စဉ်ပေါ်ပေါက်ထားခဲ့တဲ့ Wells Fargoဘဏ် အရှုပ်တော်ပုံဖြစ်စဉ်နောက်ပိုင်း ရှယ်ယာတန်ဖိုး ၃ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းသွားခဲ့ရာမှာတော့ ယင်းလုပ်ငန်းထဲမှာ အဓိကရှယ်ယာပါဝင်ထားတဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝငသူဌေးကြီးတစ်ဦးဖြစ်တဲ့ WarrenBuffett လည်း စက်တင်ဘာလ ၁၃ ရက်က ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံထိဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အမေရိကန် နိုင်ငံတကာဘဏ်နဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Wells Fargo ရဲ့ ဘဏ်က ၀န်ထမ်းတွေဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစလို့ ဘဏ်ရဲ့ဖောက်သည်တွေမသိဘဲနဲ့ ဘဏ်အကောင့်နဲ့ Credit card အကောင့်ပေါင်း ၂ သန်းကျော်ထိ ခိုးဖွင့်ထားခဲ့တဲ့ ဖြစ်စဉ် ပေါ်ပေါက်ထားခဲ့တာဖြစ်ပါတယ်။

ယင်းအကောင့်တုတွေနဲ့ ဘဏ်ဝန်ထမ်းတွေအတွက် အခကြေးငွေတွေ ရရှိစေခဲ့သလို ၎င်းတို့ရဲ့ အရောင်းစာရင်းပိုင်းမှာ တိုးမြင့်စေခဲ့တာကြောင့် ၀င်ငွေ ပိုမိုရရှိစေခဲ့တယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ်နောက်ပိုင်း Wells Fargo ရဲ့ ဘဏ္ဍာရေးပိုင်းကျဆင်းမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး ယင်းကုမ္ပဏီမှာ အဓိကရင်းနှီးမြှုပ်နှံသူလုပ်ငန်းစု Berkshire Hathaway Inc ကလည်း ထိခိုက်ကျဆင်းမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် ယခုလို သူဌေးကြီး Buffet ကိုပါ များပြားတဲ့ဆုံးရှုံးမှုတွေဖြစ်စေခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ သူဌေးကြီး Buffett “ဟာဆိုရင် အသားတင်ကြွယ်ဝချမ်းသာမှုတန်ဖိုး ဒေါ်လာ ၆၅ ဒသမ ၈ ဘီလီယံနဲ့ ကမ္ဘာ့စတုတ္ထမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေတယ်လို့ သိရပါတယ်။

အလားတူ Wells Fargo ဘဏ်ဟာဆိုရင် ယခုအချိန်မှာတော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးဘဏ်နေရာအတွက် JP Morgan Chase & Co ရဲ့ ကျော်တက်ခြင်းကိုပါ ခံလိုက်ရပြီဖြစ်ပါတယ်။ ယင်းအကောင့်တုပြဿနာကြောင့်ဒဏ်ကြေးဆောင်ရမယ်ဆိုပြီး လူသုံးကုန်ဘဏ္ဍာရေးကာကွယ်မှုဗျူရိုကထုတ်ဖော်ကြေညာခဲ့ပြီးနောက်ပိုင်း ယင်းရဲ့ရှယ်ယာတန်ဖိုးပိုင်းမှာ ၅ ဒသမ ၉ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment