Thursday, September 15, 2016

ညွှန်ကြားချက်မလိုက်နာ၍ ရိုးရိုးလေးကို တရားစွဲမည်ဟု ပြည်ထောင်စုဝန်ကြီးပြော

ကျိုက်ထီးရိုး တောင်ပေါ်တွင် ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသော အခန်းပို များ ဖျက်သိမ်းပေးရန် ညွှန်ကြား ချက်ကို မလိုက်နာသဖြင့် ရိုးရိုး လေးကုမ္ပဏီအား တရားစွဲဆိုမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောကြားသည်။

ကျိုက်ထီးရိုးတောင်ပေါ်ရှိ မြေကြီးသည် ဘူမိဗေဒသဘော အရ သက်ရင့်နှင့် သက်နုရောနှော ကာ သဲဆန်သည့်မြေလွှာများပါ ဝင်သဖြင့် ဟိုတယ်ဆောက်လုပ် ရန်ပေ ၃၀ အထိသာ ခွင့်ပြုထားသော် လည်း ရိုးရိုးလေးကုမ္ပဏီက လေး၊ငါးထပ်အထိ ဆောက်လုပ်ထားသည်ဟု ပြည်ထောင်စုဝန် ကြီးက ဆိုသည်။

အဆိုပါကုမ္ပဏီသည် ခွင့်ပြု ချက်မတောင်းဘဲ အခန်း ၁၀၆ ခန်းပိုမိုဆောက်လုပ်ထားသဖြင့် ဖျက်သိမ်းပေးရန် ဝန်ကြီးဌာနက ညွှန်ကြားထားသည်။

သို့သော် ဝန်ကြီးဌာန၏ညွှန် ကြားချက်ကို လိုက်နာဆောင်ရွက် ကာ ပြည်ထောင်စုအစိုးရ၏ ဦးဆောင်မှုကို ခံယူမည်ဖြစ်ကြောင်း တရားဝင်ပြောကြားမှုမရှိသဖြင့် တရားစွဲဆိုရန် စီစဉ်နေခြင်းဖြစ်သည်ဟု စက်တင်ဘာ ၁၄ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် ၎င်းက မီဒီယာများအား ပြောကြားခဲ့သည်။

‘‘အမှုတည်ဆောက်နေပါ တယ်။ တည်ဆောက်ပြီးတော့ ဘာသာရေးဆိုင်ရာ ဥပဒေတွေအ ရ ခုန နိုင်ငံတော်အဆင့် တရားစွဲ ဆိုပြီးတော့မှ ဥပဒေနဲ့ အရေးယူဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို သဘောထားမှတ်ချက်တောင်းခံ ထားတာ အခု မရသေးလို့ ဆိုင်းငံ့ နေတာဖြစ်ပါတယ်။ ရလာလို့ရှိ ရင် ဥပဒေနဲ့အညီ ဆက်လက်အ ရေးယူသွားမှာ ဖြစ်ပါတယ်။ ခုန ရိုးရိုးလေးကုမ္ပဏီ ဆိုတာလည်း ကိုယ့် နိုင်ငံသားပါပဲ၊ ကိုယ့်တိုင်းရင်းသားပါပဲ။ မထိခိုက်မနစ်နာ စေချင်ပါဘူး။ သို့သော် အခု ဒီလို လုပ်တာ တရားဥပဒေစိုးမိုးစေဖို့ အတွက် လုပ်တာဖြစ်ပါတယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment