Wednesday, September 7, 2016

ဗြိတိန်ရဲ့ စီးပွားရေးအခြေအနေ ကောင်းမွန်နေတာကြောင့်တစ်ကမ္ဘာလုံး အပေါ်ရိုက်ခတ်နိုင်တဲ့ စီးပွားပျက်ကပ်အတွက် စိုးရိမ်မှုတွေ လျော့ကျ


ဗြိတိန်နိုင်ငံရဲ့ အဓိက ၀န်ဆောင်မှုလုပ်ငန်းထဲမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းပြန်လည်အတက်ဘက်ကို ရောက်လာခဲ့ယ်လို့ အနီးတကပ် စောင့်ကြည့်နေခဲ့တဲ့ စစ်တမ်းတစ်ခုအရ သိရပါတယ်။
Markit/CIPS purchasing managers' index အညွှန်းကိန်းအရတော့ နိုင်ငံရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေဟာ တစ်လထက်တစ်လ အမြင့်ဆုံးနှုန်းနဲ့ တိုးတက်နေခဲ့တာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွေမှာပြန်လည်နားလန်ထူလာတာတွေ တွေ့မြင်ခဲ့ရပြီးနောက်မှာတော့ အများစိုးရိမ်နေခဲ့ကြတဲ့ စီးပွားပျက်ကပ်ကျရောက်မှုအန္တရာယ်ကနေ ရှောင်ရှားနိုင်ခဲ့ပြီလို့ သိရပါတယ်။

ယင်းစစ်တမ်းရဲ့ အစီရင်ခံစာထွက်လာပြီးနောက်မှာတော့ ဗြိတိန်နိုင်ငံသုံးစတာလင်ပေါင်ငွေကြေးတန်ဖိုးဟာလည်း အနည်းငယ်မြင့်တက်သွားခဲ့ပြီဒေါ်လာနဲ့ ယှဉ်ရင် ဒေါ်လာ ၁ ဒသမ ၃၃၆၆ဒေါ်လာဖြစ်ပြီး၊ ၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။

ဘဏ္ဍာရေး ၀န်ဆောင်မှုတွေစလို့ ကဖေးဆိုင်တွေ၊ ဈေးဆိုင်တွေအထိ ပါတဲ့ဗြိတိန်ရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကတော့  နိုင်ငံစီးပွားရေးရဲ့ ၈၀ ရာခိုင်နှုန်းလောက်ထိ ရှိနေပါတယ်။

" သြဂုတ်လ ကိန်းဂဏာန်းတွေအတက်ဘက်ပြန်ရောက်လာလို့ ရေရှည်စိတ်ချရတဲ့ အခြေအနေတစ်ရပ်ဆီ စတင်ဦးတည်နေပြီလို့ ပြောဖို့ စောနေသေးပေမယ့် ဇွန်လ မဲခွဲဆုံးဖြတ်မှုနောက်ပိုင်း ကနဦး စိုးရိမ်ပူပန်မှုတွေကိုတော့ အတိုင်းအတာတစ်ခုထိ ပျက်လွင့်သွားစေခဲ့ပါပြီ "လို့ Markit ရဲ့ စီးပွားရေးပညာရှင် Chris Wiliamson က ပြောသွားပါတယ်။


Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment