နယ်စပ်စခန်းတွေမှ လုပ်ငန်းသုံးယန္တရားယာဉ်အစီးရေ တစ်သောင်းကျော်တင်သွင်းခွင့်ပြုထားပြီးဖြစ်တယ်လို့ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေထံက သိရပါတယ်။
အစိုးရသစ်လက်ထက် နယ်စပ်စခန်းတွေမှ လုပ်ငန်းသုံးယန္တရားယာဉ်တင်သွင်းမှုကို ပြန်လည်ခွင့်ပြုပေးခဲ့ပြီး လက်ရှိအချိန်အထိ ခွင့်ပြုလိုင်စင်အစောင်ရေတစ်ထောင်ကျော်မှ ယာဉ်အစီးရေတစ်သောင်းတစ်ထောင်
ကျော်အထိ တင်သွင်းခဲ့တာလည်းဖြစ်ပါ တယ်။
ကျော်အထိ တင်သွင်းခဲ့တာလည်းဖြစ်ပါ တယ်။
ကျောက်မျက်လုပ်ကွက်တွေမှာအသုံးပြုနေတဲ့ ယာဉ်ယန္တရားတွေနဲ့ပတ်သက်ပြီး လူထုအကြားဝေဖန်မှုတွေမြင့်တက်လာတာ ကြောင့် ယခင်အစိုးရလက်ထက်က ရပ်နားထားတဲ့ နယ်စပ်လုပ်ငန်သုံးယာဉ်တင်သွင်းမှုကို လက်ရှိအစိုးရက ပြန်လည်စီစစ်ခဲ့ပြီး အခုနှစ်မေလတတိယအပတ်မှာ တင်သွင်းခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။
ထိုကဲ့သို့တင်သွင်းရာမှာ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနပူးပေါင်းအဖွဲ့ တွေက မြ၀တီ၊မူဆယ်၊တာချီလိတ်ကုန်သွယ်ရေးစခန်းတွေမှာ စစ်ဆေးပြီး တင်သွင်းခွင့်ပြုပေးနေတာလည်းဖြစ်ပါတယ်။
လူစီးယာဉ်၊လူနဲ့ကုန်တွဲယာဉ်တွေမှလွဲပြီး လုပ်ငန်းသုံးယာဉ်တွေကို နယ်စပ်စခန်းတွေမှ ပြန်လည်တင်သွင်းခွင့်ပေးနေရာ ယနေ့အ ချိန်အထိ လိုင်စင်စောင်ရေ ၁၁၄၃ စောင်မှ ယာဉ်ယန္တရား ၁၁၄၆၃ စီးတင်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
သွင်းကုန်လိုင်စင်ရရှိပြီး တင်သွင်းဖို့ကျန်ရှိနေတဲ့ ယန္တရားယာဉ်တွေကို လိုင်စင်သက်တမ်းတိုးပေးခြင်းနဲ့ မော်တော်ယာဉ်တင်း သွင်းမူဝါဒဖြေလျော့ခြင်းတွေကိုလည်း ပြုလုပ်ပေးခဲ့တယ်လို့ ယင်းဝန်ကြီးဌာနကသိရပါတယ်။
ကုမ္ပဏီတစ်ခုကို တစ်နှစ်မှာလုပ်ငန်းသုံးယန္တရားယာဉ်အစီးရေ ၁၀ စီးသာတင်သွင်းခွင့်ပြုပေးနေရာကနေ လိုင်စင်တစ်စောင်ကို ယာဉ် ၁၀ စီးအထိတင်သွင်းနိုင်အောင် ခွင့်ပြုပေးခဲ့တာလည်းဖြစ်ပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment