Wednesday, September 14, 2016

သစ်အလုံးလိုက် တင်သွင်းမှု ကုန်သွယ်ခွန်ကို လာမည့်နှစ်တွင် ပယ်ဖျက်မည်ဟုဆို

 ပြည်ပမှ သစ်အလုံးလိုက် တင်သွင်းရာတွင် ကောက်ခံနေ သော ကုန်သွယ်ခွန်ကို ၂၀၁၇ ၌ ပယ်ဖျက်မည်ဟု သတင်းရရှိသည်။
ပြည်ပမှ သစ်အလုံးလိုက် တင်သွင်းရာတွင် ကုန်သွယ်ခွန်ကို ဇီးရိုးအဆင့်သတ်မှတ်ရေး တောင်းဆိုမှုများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ ယင်းလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်နေသည့် ၀န်ကြီးဌာနနှစ်ခုက ၂၀၁၇ ၌ ပြင်ဆင်မည့်အခွန်ကောက်ဥပဒေတွင် ယင်းအချက်ကို ထည့်သွင်းရေးဆွဲရန် သဘောတူခဲ့သည်။
ပြင်ဆင်ရေးဆွဲမည့် အခွန်အကောက်ဥပဒေတွင် ပြည်ပမှသစ်တင်သွင်းမှု ကုန်သွယ်ခွန်ကင်း လွတ်ခွင့် ရရှိရေးအတွက် ပါဝင် မည့်အချက်များကို ယနေ့(စက်တင်ဘာ ၁၄ ရက်)၌ တွေ့ဆုံဆွေးနွေး ကြမည်ဖြစ်သည်။
‘‘ကျွန်တော်တို့ဘက်ကတော့ ကုန်သွယ်ခွန် ဇီးရိုးထားဖို့ ပြောထားပါတယ်။ ၂၀၁၇ မှာ အခွန်ကောက် ဥပဒေကို ထပ်ပြင်မယ်ဆိုတော့ ဥပဒေထဲမှာ အဲဒီအချက်ထည့်ဖို့ရန်ကုန်မှာတွေ့ဖို့ ရှိပါတယ်’’ ဟု  အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေး မှူးဦးမျိုးမင်းက ပြောသည်။
အစည်းအဝေးသို့ သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနနှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ ညွှန်ကြားရေး မှူးချုပ်အဆင့်ရှိ တာဝန်ရှိသူများ တက်ရောက်မည်ဟု ဆိုသည်။
‘‘ပြည်ပက သစ်တင်သွင်းတဲ့ အခါ ကုန်သွယ်ခွန်ဇီးရိုးထားဖို့ ညှိနှိုင်းနေတာတော့ ကြာပါပြီ။ ရန်ကုန်မှာတွေ့ဖြစ်တာက တရား ဥပဒေနည်းလမ်းအရ ဘယ်လို့ လုပ်မလဲဆိုတာ ထပ်ဆွေးနွေးဖို့ တွေ့ဆုံခြင်းဖြစ်ပါတယ်’’ဟု သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောသည်။
ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းပြီးနောက် မြန်မာ သစ်လုပ်ငန်းရှင်အသင်းက ဆွစ်ဇာလန်နိုင်ငံမှ ကုန်ကြမ်းသစ်လုံးများ ကို တစ်ကြိမ်ဝယ်ယူခဲ့သည်။
အဆိုပါ သစ်လုံးများကို တံခါးများပြုလုပ်ရန် ၀ယ်ယူခြင်းဖြစ်ပြီး စမ်းသပ်ဝယ်ယူခြင်းအဖြစ် ပေ၄၀ ကွန်တိန်နာတစ်လုံး ၀ယ်ယူခဲ့ကာ နောက်ပိုင်း၌ ၀ယ်ယူမှုမရှိ တော့ပေ။
Credit To >>> 7 Day Daily

0 comments:

Post a Comment