Wednesday, September 14, 2016

အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်းနိုင်ရန် တင်ပြထားဟုဆို

အိမ်ခြံမြေ ဈေးနှုန်းမ တည်ငြိမ်ခြင်း၊ ရောင်းမှား ၀ယ် မှားခြင်းများ မဖြစ်ပေါ်စေရန် အိမ် ခြံမြေ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းအတည်ပြုပြဋ္ဌာန်းနိုင် ရန် မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န် ဆောင်မှုအသင်းက တင်ပြထား ကြောင်း သတင်းရရှိသည်။

အိမ်ခြံမြေ ၀န်ဆောင်မှုလုပ် ငန်းဆိုင်ရာ ဥပဒေကြမ်းကို ယခု နှစ်အတွင်း အတည်ပြုပြဋ္ဌာန်းနိုင် ရန် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်သို့ တင်ပြခြင်း ဖြစ် သည်။
‘‘အိမ်ခြံမြေတွေမှာ ရောင်း မှားဝယ်မှားမဖြစ်ဖို့၊ ဈေးနှုန်းအ တက်အကျကြမ်းတာတွေ မဖြစ်ဖို့ ဒီဥပဒေက အထောက်အကူပြု သွားမှာပါ’’ ဟု မြန်မာနိုင်ငံအိမ်ခြံ မြေ၀န်ဆောင်မှုအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးက စက်တင်ဘာ ၁၂ ရက်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ယခုဥပဒေပြဋ္ဌာန်းဖြစ်ပါက နိုင်ငံတော်က အခွန်အခများအ ပြည့်အ၀ရရှိလာနိုင်ပြီး အကျိုး ဆောင်ခသတ်မှတ်ချက်နှင့် လုပ် ငန်းအပ်နှံသူနှင့် အကျိုးဆောင် များအကြား အငြင်းပွားမှုလျော့ နည်းစေရန် လျှော့ချနိုင်မည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက ဆို သည်။
‘‘ဒီဥပဒေ သတ်မှတ်ဖို့က မြန်မာနိုင်ငံ အနေနဲ့ တော်တော် နောက်ကျနေပြီ။ စင်ကာပူတို့၊ မလေးတို့မှာဆို တော်တော်လေး အသုံးတွင်ကျယ်နေပြီ’’ ဟု မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအ သင်းအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
အိမ်ခြံမြေအရောင်းအ၀ယ် ပြုလုပ်သည့်အခါ အခွန်ကောက် ခံသည့် တစ်ပေပတ်လည် အိမ်ခြံ မြေစံနှုန်းများကို ယခင်နှုန်းထား အတိုင်းသာ ကောက်ခံမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ပြီးနောက် အိမ်ခြံမြေ ဈေးကွက်မှာ အနည်းငယ် ပြန် လည် အရောင်းအ၀ယ် ဖြစ်လာ ကြောင်း ပြည်တွင်းဈေးကွက်မှ စုံ စမ်းသိရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment