မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်သည် စက်တင်ဘာ ၉ ရက်တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၃ ခုလုပ်ကိုင်ခွင့်ပေးခဲ့ပြီး အထည်ချုပ်လုပ်ငန်း ကိုးခုပါဝင် ကြောင်း သတင်းရရှိသည်။
ယခုခွင့်ပြုသည့် လုပ်ငန်း များတွင် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံသည့် လုပ်ငန်း ခြောက်ခု၊ ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ခုနစ်ခုနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၁၀ ခုတို့ကို လုပ်ကိုင်ခွင့် ပေးကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ သိရသည်။
ရန်ကုန်တိုင်းနှင့် မန္တလေး တိုင်းတို့အပြင် အခြားပြည်နယ်များဖြစ်သည့် မွန်နှင့် ရှမ်းပြည်နယ်တို့တွင်ပါ လုပ်ကိုင်ခွင့် ပေးထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်စာရင်းများအရ သိရသည်။မွန်ပြည်နယ်တွင် ရော်ဘာ စိုက်ပျိုး၊ ထိန်းသိမ်း၊ ပြုပြင်၊ထုတ် လုပ်ရောင်းချမည့်လုပ်ငန်းတစ်ခု ကို မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုအား လုပ်ကိုင်ခွင့် ပေးပြီး ရှမ်းပြည်နယ် တာချီလိတ် မြို့တွင်းရေပေး ဖြန့်ဖြူးရေးလုပ် ငန်းတစ်ခုကို မြန်မာနိုင်ငံသားရင်း နှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုအားလုပ် ကိုင်ခွင့်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ညွှန် ကြားရေးမှူးတစ်ဦးကပြောသည်။
ရန်ကုန်တိုင်းတွင် ရေချိုနှင့် ရေငန်ငါး၊ ပုစွန်ပြုပြင်ထုတ်လုပ် ခြင်းလုပ်ငန်း၊ ကုန်ပစ္စည်း ဒီဇိုင်း ပုံနှိပ်ခြင်းလုပ်ငန်း၊ လခစားစနစ် ဖြင့် အိတ်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ် ငန်းသုံးနှင့် စိုက်ပျိုးရေးလုပ်ငန်း ပိုက်ကွန်အမျိုးမျိုးထုတ်လုပ်သည့် လုပ်ငန်း၊ သံနှင့် အလူမီနီယမ် ပစ္စည်းများ ပုံသွင်းထုတ်လုပ်ခြင်း နှင့် ရေချိုးခန်းသုံး ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူ သုံး ဓာတ်အားပေးစက်ရုံ တည် ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ အင်တာနက်စနစ် ၀န်ဆောင်မှု လုပ်ငန်း၊ နိုင်ငံတကာ အဆင့်မီ ထရန်စဖော်မာ အမျိုးမျိုး ထုတ် လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း နှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင် သုံး အကြီးစားယာဉ်၊ စက်ယန္တ ရားများနှင့် ကိရိယာ တန်ဆာပ လာများ ငှားရမ်းသည့် ၀န်ဆောင် မှုလုပ်ငန်းတို့ကို လုပ်ကိုင်ခွင့်ပေး ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု စာရင်း များတွင် ဖော်ပြထားသည်။
မန္တလေးတိုင်းတွင် ဆေးဝါး ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းနှင့် စားသောက်ကုန်များ၊ စိုက်ပျိုး ရေးအခြေခံ လယ်ယာထွက်ကုန် သီးနှံများ သန့်စင်ခြင်း၊ ပြုပြင် ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်းနှင့်ငှား ရမ်းမှုများအတွက် ၀န်ဆောင် မှုပေးသည့် လုပ်ငန်းတစ်ခုကို ခွင့် ပြုပေးခဲ့ကြောင်း သိရသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment