ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် ပရိဝုဏ်နဲ့ ဆက်စပ်ဧရိယာအတွင်းဆောင်ရွက်နေတဲ့ စီးပွားရေး လုပ်ငန်းများ အနေနဲ့ ဥပဒေနဲ့ အညီဆောင်ရွက်ကြရန်နဲ့ လိုက်နာရန် ပျက်ကွက်ပါက ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ယနေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။
ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်ကို အကြောင်းပြုပြီး စီးပွားရေးလုပ်ငန်းရှင်အချို့က ဥပဒေမဲ့ ဟိုတယ်၊ တည်းခိုခန်းများတည်ဆောက်ခြင်းကြောင့် ရှေးဟောင်းအဆောက်အဦရဲ့ မြင်ကွင်း၊ သဘာဝမြင်ကွင်းများကို
အဟန့် အတားဖြစ်စေပြီး အထပ်မြင့်ဟိုတယ်များကြောင့်မြေသားခိုင်မာမှုကို ပျက်စီးစေကာ မြေသားပြတ်ရွေ့ မှုများဖြစ်ပေါ်လာစေနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
အဟန့် အတားဖြစ်စေပြီး အထပ်မြင့်ဟိုတယ်များကြောင့်မြေသားခိုင်မာမှုကို ပျက်စီးစေကာ မြေသားပြတ်ရွေ့ မှုများဖြစ်ပေါ်လာစေနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့အပြင် ရဟန်းရှင်လူ ပြည်သူအများ အခမဲ့ တည်းခိုဖို့အတွက်တည်ဆောက်ထားခဲ့တဲ့ ဓမ္မာရုံများကိုလည်း တည်းခိုခန်များအဖြစ် ဥပဒေမဲ့စွာ ပြုပြင်တည်ဆောက်ခဲ့ကြပြီး အလှူခံ ဌာနများ၊ အလှူခံပုံးများကို ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ မလျော်ညီစွာ ကန်ထရိုက် စနစ်ပေးကာ အတင်းအကြပ်အလှူငွေ ကောက်ခံနေ သည်ကိုလည်း ၀န်ကြီးဌာနကစိစစ်တွေ့ရှိခဲ့ပါတယ်။
ကျိုက်ထီးရိုးစေတီတော်သို့ လာရောက် ဖူးမျှော်ကြတဲ့ရဟန်းရှင်လူပြည်သူများဟာ တည်းခိုခန်းခ မြင့်မားစွာ
ပေးဆောင်ရခြင်း၊ အခကြေးငွေ မတတ်နိုင်သောသူများဟာဘုရားရင်ပြင်ပေါ်မှာ ကျန်းမာရေး အထိခိုက်ခံပြီး အိပ်စက်နားခိုရခြင်း၊ အလှူခံဌာနများကလည်း အတင်းအဓမ္မအလှူခံခြင်း၊ ကျိန်စာတိုက်အလှူခံခြင်းတို့ကြောင့် ဘုရားဖူးလာရောက်သူများအနေနဲ့ စိတ်အနှောက်အယှက်များစွာ ဖြစ်ပွားရလျက်ရှိနေပါတယ်။

ကျိုက်ထီးရိုးဆံတော်ရှင်သို့ ဘုရားဖူး ရဟန်းရှင်လူပြည်သူ အများ စိတ်ချမ်းမြေ့စွာ ကြည်ညို သဒ္ဒါပွားနိုင်ရန်နဲ့ တရားဥပဒေစိုးမိုးရန် အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းရှင်များက တည်းခိုခန်းပြုလုပ်ထားတဲ့ ဓမ္မရံများကိုပြည်သူအများ အခမဲ့တည်းခိုခွင်ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားခြင်း၊ ရိုးရိုးလေးကုမ္ပဏီက ဥပဒေမဲ့စွာဆောက်လုပ်ထားတဲ့ အခန်းများပိတ်သိမ်းရေးနဲ့ သတ်မှတ်အမြင့်ပေ ၃၀ ထက် ကျော်လွန်ဆောက်လုပ်ထားတဲ့ ဟိုတယ်အဆောက်အဦးများကို ဖျက်သိမ်းရေး တို့ကိုဆောင်ရွက်မှာဖြစ်ပါတယ်။
အလှူခံဌာနများကို ကန်ထရိုပေးဆောင်ရွက်ခြင်းလုပ်ငန်းများကိုဖျက်သိမ်းပြီး အလှူခံ ကိစ္စရပ်များကို ၀န်ထမ်းများ ပိုမို ခန့်အပ်ကာဂေါပကအဖွဲ့မှ စနစ်တကျကြီးကြပ်ဆောင်ရွက်ခြင်း၊ရွှေဆိုင်အရည်အသွေး ညံ့ဖျင်းခြင်းနဲ့ ဈေးနှုန်းကြီးမြှင့်ခြင်းတို့ကို ပြုပြင်ဆောင်ရွက်ခြင်း တို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မှာ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်မလျော်ညီစွာ ဆောင်ရွက်ခဲ့တဲ့
လုပ်ငန်းများကို ဥပဒေနဲ့အညီဖြစ်စေရန်စီမံကြီးကြပ်သွားမည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါကတည်ဆဲ ဥပဒေ များနဲ့ အညီ နိုင်ငံတော်ကိုယ်စား တရားစွဲဆို အရေးယူဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကသတိပေးလိုက်ပါတယ်။ဂေါပက အဖွဲ့ကို ပြန်လည်ဖွဲ့စည်းထားကာ ယာယီဂေါပကအဖွဲ့အဖြစ် ဖွဲ့စည်းထားရှိပြီ ဖြစ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရအဖွဲ့ ရဲ့ ကွပ်ကပ်မှုအောက်မှာ ထားရှိမှာဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment