Wednesday, September 21, 2016

မြန်မာလုပ်ငန်းရှင် ၁၀၄ ဦးကို စီးပွားရေးပိတ်ဆို့မှုမှ ရုပ်သိမ်းပေးသွားမည်ဟု အမေရိကန်သံအမတ်ကြီးပြောကြား

ယခင် အစိုးရနှင့် ပတ်သက်ဆက်နွှယ်သော မြန်မာစီးပွားရေးလုပ်ငန်းရှင် ၁၀၄ဦး ကို စီးပွားရေးပိတ်ဆို့မှုမှရုပ်သိမ်းပေးသွားရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးစကော့မာ စီရယ်က စက်တင်ဘာ ၂၀ရက်တွင် အမေရိကန်သံရုံး၌ ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မီဒီယာ များသို့ ပြောကြားသွားခဲ့သည်။စက်တင်ဘာ၁၄ရက်က ထုတ် ပြန်ခဲ့သော ပူးတွဲကြေညာချက်တွင် အမေရိကန်ပြည်ထောင်စုသမ္မတနှင့် မြန်မာနိုင်ငံနိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်တို့သည် နှစ်နိုင်ငံဆက်ဆံရေးတွင်ခေတ်သစ်တစ်ခုအဖြစ် မော် ကွန်းရေးထိုးနိုင်ရန် အမေရိကန်-မြန်မာ မိတ်ဖက်ဆက်ဆံရေးကို ကြေညာခဲ့ ပြီးအဆိုပါကြေညာချက်၌ မြန်မာနိုင်ငံ အပေါ် စီးပွားရေးပိတ်ဆို့မှုမှရုပ်သိမ်း မည့်အစီအစဉ်များလည်း ပါဝင်ခဲ့ သည်။

မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှု များဖယ်ရှားပေးမည်ဟု အမေရိကန် သမ္မတက နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်ဆုံတွေ့စဉ် ပြောကြားခဲ့ရာ တွင် ယခင်အစိုးရနှင့်ပတ်သက်ဆက် နွှယ်သော စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ချ မှတ်ထားသော အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးခြင်းပြု၊ မပြုဆိုသည်ကို တိကျစွာထုတ်ပြန်ခဲ့ခြင်း မရှိသော် လည်း အမေရိကန်သံအမတ်ကြီးကမူ မြန်မာစီးပွားရေးလုပ်ငန်းရှင်
၁၀၄ဦး အား စီးပွားရေးပိတ်ဆို့မှုမှ တဖြည်း ဖြည်းချင်း ဖယ်ရှားပေးသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

""အမေရိကန်နိုင်ငံက အရေးယူ ပိတ်ဆို့ထားတဲ့ မြန်မာစီးပွားရေးလုပ် ငန်းရှင် ၁၀၄ဦးရှိပါတယ်။ ပိတ်ဆို့မှု တွေဖယ်ရှားနိုင်ဖို့အတွက်
တဖြည်း ဖြည်းဆောင်ရွက်လျက်ရှိပြီး ပိတ်ဆို့ မှုရုပ်သိမ်း
တာနဲ့တစ်ပြိုင်နက် သူတို့ အားလုံးလွှတ်မှာပါ။ ဒါပေမဲ့မူးယစ် ဆေးဝါးရောင်းဝယ်မှု၊ လက်နက် ရောင်းဝယ်မှုတွေနဲ့ဆက်စပ်ပြီး
ပိတ် ဆို့ခံထားရသူတွေကတော့ ဆက်လက် ပိတ်ဆို့ထားဦးမှာပါ""ဟု စကော့မာစီ ရယ်က သတင်းထောက်များကို
ပြောကြားသွားခဲ့သည်။မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် အပြောင်းအလဲများကြောင့် အမေရိ ကန်အစိုးရသည် ၂၀၁၆၊ မေလ ၁၆ ရက်၌ အစိုးရပိုင်ကုမ္ပဏီခုနစ်ခုနှင့် ဘဏ်သုံးခုတို့ကို ပိတ်ဆို့မှုမှ ရုပ်သိမ်း ပေးခဲ့ပြီး စီးပွားရေးသမားတစ်ဦးချင်း ပိတ်ဆို့မှုကို ဖယ်ရှားခဲ့ခြင်းမရှိခဲ့ပေ။အမေရိကန်နိုင်ငံသည် မြန်မာ နိုင်ငံကို ၁၉၉၇ခုနှစ်မှစတင်ပြီး စီးပွား ရေးပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ကာ နှစ်ပေါင်း ၂၀နီးပါး ကြာမြင့်ခဲ့ပြီဖြစ် သည်။


Credit To >>> Democracy Today

0 comments:

Post a Comment