ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်နှင့် ပတ်သက်၍ စက်တင်ဘာလ ၂ဝ ရက်နေ့က အမေရိကန် သံရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သံအမတ်ကြီးက The Voice ၏ မေးခွန်းကို အထက်ပါအတိုင်း ဖြေဆိုခြင်းဖြစ်သည်။
“ငွေရေး ကြေးရေး ဝန်ဆောင်မှု ကဏ္ဍနဲ့ အာမခံ လုပ်ငန်းလိုဟာမျိုးတွေကိုလည်း အမေရိကန် ကုမ္ပဏီတွေက အထူး စိတ်ဝင်စားပါတယ်”ဟု သံအမတ်ကြီးက ဆိုသည်။
ယင်းအပြင် ဆက်သွယ်ရေးကဏ္ဍ အခြားကဏ္ဍ အများအပြားတွင်လည်း အမေရိကန် စီးပွားရေး လုပ်ငန်းများ ရင်းနှီး မြှုပ်နှံလာဖွယ် ရှိပြီး Google နှင့် Facebook ကဲ့သို့သော အမေရိကန် အိုင်တီ ဘီလူးကြီးများ မြန်မာနိုင်ငံသို့ ဝင်ရောက် လာသည်ကိုလည်း မြင်တွေ့လိုကြောင်း စကော့မာစီရယ်က သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။
သမ္မတ အိုဘားမားနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အိမ်ဖြူတော်တွင် တွေ့ဆုံအပြီး စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားမည့် အစီအစဉ်ကို ကြေညာချက်အပေါ် မြန်မာနိုင်ငံသို့ ရောက်ရှိနှင့်ပြီး ဖြစ်သော အမေရိကန် ကုမ္ပဏီ GE က အလျင်အမြန် ကြိုဆိုခဲ့သည်။
စီးပွားရေး ပိတ်ဆို့မှုများကြောင့် အမေရိကန် ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းရာ၌ မိတ်ဖက် လုပ်ငန်းရှင် ရှာဖွေရ ခက်ခဲခြင်းနှင့် အခြား အတားအဆီး များစွာကို ကြုံတွေ့ရသဖြင့် အဆင်ပြေ ချောမွေ့စွာ ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ခဲ့ကြောင်း GE က ပြောဆိုခဲ့သည်။
Credit To >>> The Voice Weekly
0 comments:
Post a Comment