Wednesday, September 7, 2016

သမုဒ္ဒရာရေမျက်နှာပြင်အပူချိန် ဆိုးဆိုးရွားရွား မြင့်တက်လာကြောင်း ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်များ သတိပေး


ကမ္ဘာကြီးပူနွေးလာမှုကြောင့် သမုဒ္ဒရာရေမျက်နှာပြင်အပူချိန်ကိုမြင့်တက်လာစေသည့်အပြင် တိရိစ္ဆာန်နှင့် လူသားများကြား ရောဂါကူးစက်ပျံ့နှံ့မှုများ ဖြစ်ပေါ်လာကာ ကမ္ဘာတစ်ဝန်း အစားအစာလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း အရေးကြီးသိပ္ပံနည်းပညာဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကာလရှည်လေ့လာသုံးသပ်ချက်များကို အခြေခံထားသော ရှာဖွေတွေ့ရှိမှုများကို နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သိပ္ပံပညာရှင်ပေါင်း ၈၀ ခန့်က ပြုစုခဲ့ခြင်းဖြစ်ပြီး ယင်းအစီရင်ခံစားကို ဟာဝိုင်အီတွင် ကျင်းပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "သမုဒ္ဒရာတွေဟာ ကမ္ဘာကြီးကို ထောက်ပံ့ထားတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်၊ သမုဒ္ဒရာတွေဟာ စက္ကန့်တိုင်းမှာ ကျွန်တော်တို့အသက်ရှုနေတာကိုထောက်ပံ့ပေးထားတယ်ဆိုတာလည်း ကျွန်တော်တို့ အားလုံး သိကြပါတယ်။ အဲဒါတောင် ကျွန်တော်တို့က သမုဒ္ဒရာတွေကို ကျန်းမာရေးချို့တဲ့အောင်လုပ်နေကြတယ်" ဟ အထွေထွေညွှန်ကြားရေးမှူး အင်ဂါ အန်ဒန်ဆန်က ပြောကြားသည်။

Credit To >>> Democracy Today

0 comments:

Post a Comment