မြန်မာနိုင်ငံသို့ လာ ရောက်မည့် နိုင်ငံခြားသားများအ တွက် ပြည်ဝင်ခွင့်ဗီဇာများကို လ ပိုင်းအတွင်း ပြင်ဆင်ဖြေလျှော့ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရသစ်လက်ထက်တွင် ဗီဇာကြေးပြင်ဆင်သတ်မှတ်ခြင်း၊ နေခွင့်ကာလတိုးမြှင့်ခြင်း၊ ဗီဇာ လျှောက်ထားရာတွင် လိုအပ် သည့် သတ်မှတ်ချက်များဖြေ လျှော့ခြင်းများပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။
‘‘ဗီဇာကြေးကို နိုင်ငံတကာ သတ်မှတ်ချက်နဲ့ ဖြစ်သင့်တဲ့နှုန်း တစ်ခုကို ပြင်ဆင်ပါမယ်။ ပြီးတော့နေခွင့်ကာလနဲ့ ပတ်သက်လို့ အချို့ကနေခွင့်ရတဲ့ ရက်က ရက်သုံး ဆယ်လောက်ပဲရှိတယ်။ တကယ် သူနေချင်တာက လုပ်ငန်းသဘောအရ တစ်နှစ်လောက်နေချင်တဲ့အ ခါမှာ သက်တမ်းတစ်ခါပြည့်တိုင်း အကြိမ်ကြိမ်သက်တမ်းတိုးနေရ တဲ့အပေါ် တစ်ခါတည်းတစ်နှစ် လောက်နေခွင့်ရအောင်ပေးဖို့ ဖြစ်တယ်’’ဟု ၎င်းက ပြောသည်။
ထို့အပြင် ဗီဇာလျှောက်ထား ရာတွင် မလိုအပ်ဘဲ တောင်းယူနေ သည့် အထောက်အထားသတ် မှတ်ချက်များကိုလည်း ဆက်လက်မထားရှိတော့ဘဲ ပယ်ဖျက်သွား မည်ဟု သတင်းရရှိသည်။
‘‘အရင်ကဆိုရင် ကျွန်တော် တို့က ဗီဇာလျှောက်ကတည်းက သူဘယ်ဟိုတယ်မှာ တည်းမှာ လဲဆိုပြီး မလာရသေးဘူး၊ သွား မယ့်နေရာဖြည့်ရမယ့် အချက်တွေ ရှိတယ်။ ပြီးတော့ လုပ်ငန်းဗီဇာဆို ရင်လည်း ဒီမှာလုပ်ငန်းက မစရ သေးဘူး။ အခွန်ဆောင်ပြီး ထောက်ခံချက်တောင်းတဲ့ မဖြစ်နိုင်တဲ့ အဲ ဒီလိုကိစ္စတွေဖြေလျှော့သွားမှာပါ’’ဟု ဦးမြင့်ကြိုင်က ပြောသည်။
ထို့အပြင် ပြည်ဝင်ခွင့်ဗီဇာ ခြောက်မျိုးဖြစ်သည့် လုပ်ငန်းဗီဇာ၊လူမှုရေးဗီဇာ၊ သာသနာရေးဗီဇာ၊ နိုင်ငံတကာအဖွဲ့အစည်းများဗီ ဇာ၊ ပညာရေးဗီဇာနှင့် ယာဉ်အမှု အထမ်းဗီဇာတို့ကို အကြိမ်ကြိမ် ပြည်ဝင်ခွင့် ရရှိရေးအတွက်ကို လည်း နိုင်ငံခြားရေးရာမူဝါဒကော် မတီသို့ တင်ပြထားသည်ဟု ၎င်းက ဆိုသည်။
‘‘နိုင်ငံခြားရေးရာမူဝါဒကော် မတီဆီက ခွင့်ပြုချက်ကျလာတာ နဲ့ အဲဒီဖြေလျှော့မှုတွေစတင်မှာ ပါ။ တစ်လ၊ နှစ်လအတွင်းမှာ ဖြစ်လာပါလိမ့်မယ်’’ဟု ဦးမြင့်ကြိုင်ကပြောသည်။
ထိုသို့ ပြင်ဆင်ဖြေလျှော့မှု များပြုလုပ်ရန် သက်ဆိုင်ရာဝန် ကြီးဌာနများ၏ သဘောထားမှတ် ချက်များ၊ ပြည်ပရှိ မြန်မာသံရုံး များနှင့် နိုင်ငံခြားသံရုံးများမှ အကြီးအကဲများကလည်း အကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment